လက်ထပ်လက်စွပ်အခိုးခံလိုက်ရတဲ့ ချမ်းချမ်း

ချမ်းချမ်းကတော့ ဒီနေ့ (စက်တင်ဘာ ၇)ရက်နေ့မှာ သူမအတွက် တန်ဖိုးထားရတဲ့ လက်ထပ်လက်စွပ်နဲ့ ချမ်းချမ်း ရဲ့ မွေးနေ့အတွက် အမျိုးသားဖြစ်သူ ဘုဏ်းသိုက်မှ ဝယ်ပေးထားတဲ့ စိန်ဆွဲသီးလေး အခိုးခံ လိုက်ရတယ်လို့ သူမ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။ ပစ္စည်းတွေသာမက ငွေတွေလည်း ပါသွားတယ်လို့ ဆိုပါတယ်။

ဒီပစ္စည်းများကို အိမ်အတွက်အကူအညီရအောင် ခေါ်ထားတဲ့ အိမ်အကူတစ်ယောက်က ယူသွားတာ ဖြစ်တယ် လို့လည်း သူမက ပြောထားပါတယ်။


"အော်ရက်စက်လိုက်တာနော် အိမ်အကူတယောက်ခေါ်မိပါတယ် ကိုယ်တန်ဖိုး အထားရဆုံး လက်ထပ်လက်စွပ်နဲ့ ကျွန်မမွေးနေ့အတွက် ယောကျာ်းဝယ်ပေးတဲ့ စိန်ဆွဲသီးလေးကိုခိုးသွားပြီ ရက်စက်လိုက်တာ။ ရုပ်ကလေး သနားကမားနဲ့ လုပ်ရက်လိုက်တာ။ ပိုက်ဆံတွေလဲခိုးသွားသေးတယ်။ ဘယ်သူ့က ဘယ်လို အိမ်ပေါ်ခေါ်ထားရမလဲ တောင်မသိလောက်အောင်ပဲ" လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။ဒီအတွက် သူမရဲ့ ပရိသတ်များကလည်း သူမနဲ့ ထပ်တူဝမ်းနည်းနေကြောင်းကို သူမရေးသားထားတဲ့စာသားရဲ့ ကောမန့်ဘောက်မှာ ဝင်ရောက်ရေးသားထားကြပါတယ်။


Photo : ချမ်းချမ်းဖေ့စ်ဘွတ်

လက်ထပ်လက်စွပ်အခိုးခံလိုက်ရတဲ့ ချမ်းချမ်း လက်ထပ်လက်စွပ်အခိုးခံလိုက်ရတဲ့ ချမ်းချမ်း Reviewed by Unknown on 7:26:00 PM Rating: 5
Powered by Blogger.