အေးရိပ်ငြိမ်ရပ်ကွက်တွင် အသက်၁၄နှစ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ

 5.9.2016 ရက်နေ့ 16:40 အချိန်ခန့်တွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရက်ကွက် ဦးဗျန့်လမ်း ဒေါ်ကြိုင် မှ ၄င်း၏တူမဖြစ်သူ မ------ 14 နှစ်(ဘ)ဦးအေးရွှေ အားတစ်ရပ်ကွက်တည်း နေ မာမက်ရာဖီး(ခ)စိုးဝင်း(ခ)အောင်လွင်ဦး ၅၆ နှစ် (ဘ) ဦးအဒူအာမက် ဦးဗျန့်လမ်းအေးရိပ်ငြိမ် ရပ်ကွက်နေသူမှ သားမယားအဖြစ်ပြုကျင့် ကြောင်းတိုင်တန်းတိုင်တန်းချက်အရ ကော့သောင်းရဲစခန်း (ပ)၁၀၇၉/၂၀၁၆ ပုဒ်မ ၃၇၆ အရအမှုဖွင့်ခဲ့ပြီးဖြစ်စဉ်နှင့်ပတ်သက်၍ မ-------အားစစ်ဆေးမေးမြန်းခဲ့ရာ မာမက်ရာဖီးမှ ၄င်းနေ အိမ်သို့ မ-------အားခေါ်ဆောင်ကာ 2/4.9.2016 ရက် နေ့တို့တွင်လည်းသားမယားအဖြစ်ပြုကျင့် ခြင်းခံရပြီးတစ်ကြိမ်လျှင် မုန့်ဖိုးအဖြစ် ၂၀၀၀ ကျပ်စီပေး ခဲ့ကြောင်း 5.9.2016ရက်နေ့တွင် လည်းသားမယားအဖြစ်ပြုကျင့်ရန် ၄င်းနေအိမ်သို့ ခေါ်ဆောင်လာစဉ် ဘေးပတ်ဝန်းကျင်လူများမှ တွေ့ရှိခဲ့သဖြင့် မာမက်ရာဖီးမှာ ထွက်ပြေသွားခဲ့ ကြောင်းသိရှိရသဖြင့် မာမက်ရာဖီးအားဖမ်းဆီးရ မိနိုင်ရေးစုံစမ်းဆောင်ရွက်ခဲ့ရာ ၄င်းသည် 10:00 အချိန်ခန့်တွင်ယာရီနိုင်ငံကူးလက်မှတ်ပြုလုပ်ကာ ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်သွားကြောင်း ၄င်း၏မိသားစုမှာ မလေးရှာတွင်အလုပ်လုပ်ကိုင် နေကြောင်း ၄င်း၏သားဖြစ်သူမှ တစ်လလျှင်ငွေ ၁သိန်းကျပ်လွှဲပို့လေ့ရှိကြောင်း ငွေအားအခြားသူ တစ်ဦးတစ်ယောက်မှထုပ်ပေးလေ့ရှိကြောင်းစုံ စမ်းသိရှိရသဖြင့် မြန်မာ-ထိုင်း နယ်ခြားကော်မတီ နှင့် ထိုင်းရဲတပ်ဖွဲ့တို့အား မာမက်ရာဖီး၏ ဓါတ်ပုံကို ရေးအချက်အလက်များပေးပို့၍စစ်ဆေးရေးဂိတ်များတွင်စစ်ဆေးပေးနိုင်ပါရန်အကူအညီတောင်းခံခဲ့သဖြင့် ၄င်းအနေဖြင့်သွားလာရေးခက်ခဲပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ၄င်ထံသို့လွှဲပို့ငွေမှာလည်း အေးရိပ်ငြိမ်ရပ်ကွက်နေသူထံ ရောက်ရှိနေကြောင်းသိရှိရသဖြင့် ၄င်း ငွေအားလာရောက်ထုပ်ယူနိုင်ကြောင်းသုံးသပ် ရရှိသဖြင့် ရဲတပ်ဖွဲ့မှကင်းပုန်းဝပ်စောင့်ကြည့်ခဲ့ရာ 7.9.2016 ရက်နေ့ 09:00 ချိန်ခန့်တွင် ငွေလာ ရောက်ထုပ်ယူသူ မာမက်ရာဖီးအားဖမ်းဆီရမိခဲ့ ပါသည်။

မာမက်ရာဖီးသည် ယခင်ကလည်း မိန်ကလေး တစ်ဦးအား သားမယားပြုကျင့်မှုဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံဘူးသူဖြစ်ကြောင်းလည်းသိရှိရပါ သည်။

Credit Aung Zaw Min Tun & MyatHtut - Myeik

#MyMedia

အေးရိပ်ငြိမ်ရပ်ကွက်တွင် အသက်၁၄နှစ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ အေးရိပ်ငြိမ်ရပ်ကွက်တွင် အသက်၁၄နှစ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ
Reviewed by Unknown on 6:53:00 AM Rating: 5
Powered by Blogger.