အမျိုးသမီးအတွင်းခံတွေခိုးပြီး အိမ်မှာစုထားတဲ့သူခိုးကိုဖမ်းမိ


ဂျပန်နိုင်ငံ၊ Gifu Prefecture ပြည်နယ်အနောက်တောင်ပိုင်း၊ မိုတိုစုမြို့သား အသက်(63)နှစ်အရွယ် Fumio Takahashi ကို အမျိုးသမီး Bra တစ်ထည်ကို ၀တ်ဆင်လျှက် တွေ့ရလို့ ရဲတပ်ဖွဲ့က မသင်္ကာမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ၎င်းရဲ့ အိမ်ကို ၀င်ရောက် ရှာဖွေရာမှာ အမျိုးသမီးအတွင်းခံဘောင်းဘီနဲ့ ဘရာစီယာ အရေအတွက် (150)ကျော် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီလယ်သမားကြီးဟာ အသက်(84)နှစ်အရွယ် အဖိုးကြီးရဲ့ ဂိုထောင်ထဲကိုလည်း ချိုးဖောက်ဝင်ရောက်ခဲ့ပြီး မခြောက်သေးတဲ့ အတွင်းခံတွေကို အခြောက်ခံလှန်းတယ်ဆိုတာကိုလည်း ၀န်ခံခဲ့ပါတယ်။ Takahashi က သူဟာ ဒီလို အတွင်းခံမှုတွေကို အကြိမ်ပေါင်းမြောက်များစွာ ကျူးလွန်ခဲ့ပြီး ဘာကြောင့် ကျူးလွန်ရတယ်ဆိုတာကိုတော့ တိတိကျကျ ဖြေ ကြားခြင်း မရှိပါဘူး။

 အချို့သောသူများ ခိုးမှု ကျူးလွန်ရတယ်ဆိုတာက မိသားစုစားဝတ်နေရေးအတွက် လိုအပ်တဲ့ အရာတွေကိုပဲ ခိုးကြတာ ဖြစ်ပြီး Takahashi ကတော့ သူနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အမျိုးသမီးအတွင်းခံတွေကို ဘာကြောင့်ခိုးရတာလဲဆိုတာ ပဟေဠိ ဖြစ်စေပါတယ်။ ကြားသိရတဲ့ သတင်းအရတော့ အဲဒီလယ်သမားကြီးဟာ စိတ်လည်း သိပ်မမှန်ဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ၎င်းကို ခိုးမှု၊ ပိုင်နက်ကျူးကျော်မှု၊ ခိုးရန်ကြိုးစားအားထုတ်မှုတွေနဲ့ Gifu Prefecture ရဲတပ်ဖွဲ့က တရားစွဲဆို ထားပါတယ်။

 လင်းဇော်ကို (Shewmom)

 source : thesun.co.uk


အမျိုးသမီးအတွင်းခံတွေခိုးပြီး အိမ်မှာစုထားတဲ့သူခိုးကိုဖမ်းမိ အမျိုးသမီးအတွင်းခံတွေခိုးပြီး အိမ်မှာစုထားတဲ့သူခိုးကိုဖမ်းမိ Reviewed by Unknown on 5:39:00 AM Rating: 5
Powered by Blogger.