တရုတ်အမျိုးသားနှင့် အဓမ္မထိမ်းမြားပေးစားရန် စီစဉ်သူများအား လူကုန်ကူးမှုဖြင့် အမှုဖွင့်


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ အမျိုးသမီး(၂)ဦးအား တရုတ်နိုင်ငံတွင် အဝတ်လျှော်/ထမင်းချက် အလုပ်ရမည်၊ တစ်လလစာ(၁၇၀,၀၀၀)ကျပ်ရရှိမည်ဟု လိမ်လည် စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ကာ တရုတ်အမျိုးသားများနှင့် အဓမ္မထိမ်းမြား လက်ထပ်ရန် ရည်ရွယ်
ပို့ဆောင်သူ လှိုင်သာယာမြို့နယ်နေ မစန္ဒာအောင်ပါ(၃)ဦးတို့အား အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု
(ရန်ကုန်)မှ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက် နေ့
တွင် လူကုန်ကူးမှုဖြင့် အမှုဖွင့်အရေးယူခဲ့
ပါသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ ၁၀၅၅ အချိန်တွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်းသို့ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ ရပ်ကွက်ကြီး(၃)၊ သမိန်တံတားလမ်း၊ ပျားအုံဆေးတိုက်အဆောင်နေ မစန္ဒာအောင်
သည် တရုတ်နိုင်ငံသို့ အမျိုးသမီးများ ပို့ဆောင်လျှက်ရှိပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် အမျိုးသမီး(၂)ဦးအား ပို့ဆောင်ရန် စီစဉ်နေကြောင်း သတင်းပေးလာမှုအား အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(ရန်ကုန်)မှ စုံစမ်းဆောင်ရွက်ခဲ့ရာ မစန္ဒာအောင်နှင့် အမည်မသိ အမျိုးသမီး(၂)
ဦးတို့မှာ အောင်မင်္ဂလာအဝေးပြေး ကားဝင်းသို့ ထွက်ခွာသွားကြောင်းသိရှိရသဖြင့် အောင်မင်္ဂလာ အဝေးပြေးကားဝင်း ရဲကင်းမှူး ဒုရဲအုပ် ဟန်ဝင်းကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ ရာအိမ်မှူး ဦးတင်ကိုကို တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ မစန္ဒာအောင်နှင့် အမည်မသိ အမျိုးသမီး(၂)ဦးတို့အား OK ကားဂိတ် အနီးတွင် တွေ့ရှိရသဖြင့် အောင်မင်္ဂလာအဝေးပြေး ကားဝင်းရှိ ရဲကင်းသို့ခေါ်ဆောင် မေးမြန်းခဲ့ ပါသည်။ 

မေးမြန်းချက်များအရ လှိုင်သာယာမြို့နယ်နေ မ ……. နှင့် ယင်း၏သမီး မ………. တို့အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် တစ်ရပ်ကွက်တည်းနေ ဒေါ်ရီရီဝင်းမှ တရုတ်နိုင်ငံတွင် အဝတ်လျှော်/ ထမင်းချက်
လုပ်ကိုင်ပါက တစ်လ လစာ(၁၇၀,၀၀၀)ကျပ်
ရမည်၊ ခရီးစရိတ်ကုန်ကျခံ ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ သို့ပို့ဆောင်ပေးမည့် မစန္ဒာအောင်နှင့် မမဲလုံး(ခ)ဒေါ်ကျင်နု တို့(၂)ဦးမှာ မ……နေအိမ်သို့ရောက်ရှိ လာပြီး မစန္ဒာအောင် နေသည့် အဆောင်သို့ ခေါ်ဆောင်သွား
ခဲ့ကြောင်း၊ ညနေပိုင်းတွင် မူဆယ်မြို့သို့ သွားမည်ဟုပြောခဲ့ကြောင်း၊ မစန္ဒာအောင် မှ မ…….တို့ သားအမိ(၂)ဦးထံမှ မှတ်ပုံတင်
တောင်းရာ မှတ်ပုံတင်မရှိသဖြင့် ဒေါ်ရီရီဝင်းမှ အခြားအမည်ဖြင့် ဓာတ်ပုံကပ်ထားသည့် မှတ်ပုံတင်(၂)ခု ပေးခဲ့ကြောင်း၊ ညနေပိုင်းတွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း မူဆယ်သို့ သွားမည့် OK ကားဂိတ်တွင် စောင့်နေစဉ် ခေါ်ဆောင်မေးမြန်းခံရခြင်း
ဖြစ်ကြောင်း မေးမြန်းသိရှိရ ပါသည်။
 
မစန္ဒာအောင်သည် လွန်ခဲ့သော(၂)နှစ်ခန့်က တရုတ်နိုင်ငံ၊ ခွေးမှင်မြို့ရှိ တရုတ်အမျိုးသား တစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး ကလေး(၁)ဦး ရရှိခဲ့ကြောင်း၊ ယခုခေါ်ဆောင်မည့် အမျိုးသမီး(၂)ဦးအား မမဲလုံး(ခ) ဒေါ်ကျင်နု၏ အစီအစဉ်ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ မ…….တို့ သားအမိ(၂)ဦးအား တရုတ်နိုင်ငံသို့ ခေါ်ဆောင်ပြီး တရုတ်အမျိုးသားများနှင့် အဓမ္မထိမ်းမြားရန် ပို့အပ်ပြီး ရရှိသည့် ငွေများအား မမဲလုံး(ခ)ဒေါ်ကျင်နု နှင့် ခွဲယူရမည်ဖြစ်ကြောင်း မေးမြန်းသိရှိရပါသည်။
 တရုတ်နိုင်ငံတွင် အဝတ်လျှော်/ထမင်းချက်
လုပ်ကိုင်ပါက တစ်လ လစာ(၁၇၀,၀၀၀)ကျပ် ရမည်၊ ခရီးစရိတ်ကုန်ကျခံ ပို့ဆောင်ပေးမည်ဟု လိမ်လည်စည်းရုံးပြောဆိုကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်၍ တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်စေရန် ရည်ရွယ်ပို့ဆောင်ပြီး ရရှိသည့် အကျိုးအမြတ်အား ခွဲဝေရယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည့် မစန္ဒာအောင်(မိ)၊ ၄၁နှစ်၊ (ဘ) ဦးမြအောင်၊ သမိန်ဗရမ်းလမ်း၊ (၃)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ဒေါ်ရီရီဝင်း(တိမ်းရှောင်)၊ နေရပ်လိပ်စာ
စုံစမ်းဆဲနှင့် မမဲလုံး(ခ)ဒေါ်ကျင်နု(တိမ်းရှောင်)၊ နေရပ်လိပ်စာစုံစမ်းဆဲတို့(၃)ဦးအား ဥပဒေအရအရေးယူပေးရန် ၁၁-၈-၂၀၁၆ ရက်နေ့ ၀၁၁၀ အချိန်တွင် အမှတ်(၆)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲအုပ် ဝေလွင် က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မင်္ဂလာဒုံမြို့မ ရဲစခန်း(ပ)၆၉၁/၂၀၁၆၊ လူကုန်ကူးမှု
တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ထားရှိပြီး တိမ်းရှောင်တရားခံ(၂)ဦးအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျှက်
ရှိကြောင်း သတင်းရရှိပါသည်။

credit: ရဲဇာနည်
တရုတ်အမျိုးသားနှင့် အဓမ္မထိမ်းမြားပေးစားရန် စီစဉ်သူများအား လူကုန်ကူးမှုဖြင့် အမှုဖွင့် တရုတ်အမျိုးသားနှင့် အဓမ္မထိမ်းမြားပေးစားရန် စီစဉ်သူများအား လူကုန်ကူးမှုဖြင့် အမှုဖွင့်

Reviewed by Unknown on 9:24:00 PM Rating: 5
Powered by Blogger.