နေပြည်တော်တွင် ဆိုင်ကယ်နှင့်ဖုန်းခိုးလာသူလေးဦးအား သန်းခေါင်ယံအချိန်၌ဖမ်းမိ


 နေပြည်တော်ကောင်စီနယ်မြေတွင် ဆိုင်ကယ်နှင့် ဖုန်းခိုးလာသူလေးဦးအား ညသန်းခေါင်ယံအချိန်၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး မှုခင်း အကူတပ်ဖွဲ့မှ ရဲအုပ်ထွန်းလှိုင်ဦးစီးအဖွဲ့က သြဂုတ် ၁၂ ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီခွဲအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ပေါင်းလောင်း ၂၊ ချယ်ရီလမ်းရှိ ‘Good Nice’စားသောက်ဆိုင်၌ မသင်္ကာသူ သုံးဦးကို စစ်ဆေးရာမှ ZHINLNG အနက်ကြား ဆိုင်ကယ်တစီး၊ PINBO အပြာရောင် ဆိုင်ကယ် တစီး၊ HUAWE ဖုန်းတလုံး၊ ViVO ဖုန်းတလုံးနှင့် Power Bank တခုတို့ကို ခိုးယူထားကြောင်း ၀န်ခံခဲ့သည့် အတွက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ကြသည့် သိန်းသန်းဝင်း (ခ) သက်ပြင်း (၁၈)နှစ် မလှိုင်မြို့နယ်၊ သက်ဝေလင်း ကုလား (၁၉)နှစ် မအူပင်မြို့နယ်၊ မင်းမင်း (၁၈)နှစ် တောင်ကြီးမြို့နယ်နှင့် ကျော်ဇင်ထက်(၁၈)နှစ် တပ်ကုန်မြို့နယ်တို့ကို ပျဉ်းမနားရဲစခန်းက (ပ)၅၅၄/၂၈၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
နေပြည်တော်တွင် ဆိုင်ကယ်နှင့်ဖုန်းခိုးလာသူလေးဦးအား သန်းခေါင်ယံအချိန်၌ဖမ်းမိ နေပြည်တော်တွင် ဆိုင်ကယ်နှင့်ဖုန်းခိုးလာသူလေးဦးအား သန်းခေါင်ယံအချိန်၌ဖမ်းမိ Reviewed by Unknown on 11:35:00 PM Rating: 5
Powered by Blogger.