အသက်မပြည့်သေးတဲ့ ကျောင်းသားတစ်ဦးနဲ့ လွန်ကျူးမိခဲ့တဲ့ ဆရာမတစ်ဦးက ဒီအဖြစ်အပျက်ဖြစ်ခဲ့ရခြင်းဟာ စာသင်ကျောင်းရဲ့ အပြစ်လည်း မကင်းကြောင်း တရားရုံးမှာ ချေပလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဆရာမက သူနဲ့ ကျောင်းသားရဲ့ ဆက်ဆံရေးကို ကျောင်းကသူတွေအားလုံး သိခဲ့ကြပေမယ့် မသိချင်ယောင် ဆောင်နေခဲ့ကြတာကြောင့် ဒီလိုဖြစ်ရတာလို့ ချေပထားပါတယ်။ ကျောင်းဆရာမနဲ့ မှားယွင်းမိခဲ့တဲ့ ကျောင်းသားကတော့ အသက် ၁၇ နှစ်အရွယ်သာ ရှိပါသေးတယ်။ " ဒီဖြစ်ရပ်အတွက် ကျွန်မ အရှက်ရနေမှာ မဟုတ်ပါဘူး။ ဒီဖြစ်ရပ်ရဲ့ အဝေးကိုလည်းထွက်သွားမှာ မဟုတ်ဘူး။ ခေါင်းမော့ပြီး ရင်ဆိုင်မှာပါ" လို့ ဆရာမ ဟက်ဂ်လင်းက ပြောပါတယ်။ အရင်က ဆိုးရွားတဲ့ ချစ်သူရည်းစား ဆက်ဆံရေးကို သူမ ကြုံခဲ့ရပြီးနောက်ပိုင်း ဒီလိုအခြေအနေ ဖြစ်ခဲ့တာလို့ ဆရာမက ဝန်ခံပါတယ်။ ဒါပေမယ့် ကျောင်းရဲ့ပတ်ဝန်းကျင်ကလည်း သူတို့နှစ်ဦးသား ဆက်ဆံရေးကို သိခဲ့ပေမယ့် ဒီလိုဆက်ဖြစ်အောင် တွန်းအားပေးခဲ့တာလို့ ဆိုပါတယ်။
Source : Metro Duwun
ကျောင်းသားနှင့် မှားယွင်းမိခဲ့သည့် ကိစ္စ ကျောင်းတွင်အပြစ်ရှိဟု ဆရာမ ထွက်ဆို
Reviewed by Unknown
on
7:31:00 AM
Rating: