ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်ပျူမင်းသား အပါအဝင်ထွေအုပ်ဦးစီး၊ရဲတပ်ဖွဲ့၊စည်ပင်အဖွဲ့စသည့် ပူးပေါင်းအဖွဲ့သည်လွန်ခဲ့သည့်(၂၆.၇.၁၆)ရက်နေ့၌ ဝင်ရောက်စစ်ဆေးခဲ့ရာစည်ပင်လုပ်ငန်းလိုင်စင်မရှိခြင်း၊ လိုင်စင်ရှိသော်လည်းလိုင်စင်နှင့်မပတ်သက်သည့်လုပ်ငန်း များဖြစ်နေခြင်း၊ခွင့်ပြုချက်မရရှိသေးပဲဖွင့်လှစ်လုပ်ကိုင်နေခြင်း လိုင်စင်သက်တမ်းကျော်နေသော်လည်းသက်တမ်းမတိုးခြင်း ခေါင်ရည်နှင့်ဘီယာများတရားမဝင်ရောင်းချနေခြင်းစသည် တို့ကိုမြင်တွေ့စစ်ဆေးသိရှိခဲ့ရသည် ။ ထို့အပြင်အဓိကအကျဆုံးသောအချက်မှာ မိဘရင်ခွင်မှလွတ်လပ်စွာရှင်သန်ခွင့်စတင်ခံစားရရှိသည့် ဆယ်ကျော်သက်အရွယ်တက္ကသိုလ်၊ကောလိပ်၊သင်တန်းနှင့် အခြားနေရာဒေသမှလာရောက်အလုပ်လုပ်ကိုင်နေကြသော အမျိုးသမီးငယ်များအားလမ်းမှားရောက်အောင်တွန်းပို့နေခြင်း ကာမတဏှာစိတ်နိုးကြားထကြွလာအောင်စေ့ဆော်ပေးခြင်း လမ်းလွဲရောက်ပြီးအချိန်မတိုင်မှီအိမ်ထောင်ပြုလိုက်ရခြင်း ကိုယ်ဝန်ဖျက်ချရခြင်းနှင့်နောက်ဆက်တွဲငွေကြေးများစွာ သုံးစွဲရခြင်း၊ဆေးရုံဆေးခန်းရောက်ရှိရခြင်း ကိုယ်ဝန်ဖျက်ချရာမှအသက်ဆုံးရှုံးရခြင်း မလိုအပ်ပဲတားဆေးများမှီဝဲရသဖြင့်ကျန်းမာသုခပြည့်စုံသော မိခင်လောင်းများဆုံးရှုံးရခြင်း အရှက်ကိုအသက်နှင့်လဲ၍ရင်နင့်ဖွယ်ဖြစ်ရပ်ဆိုးများမြင်တွေခြင်း မိမိကိုယ်မိမိသတ်သေခြင်းများကြုံတွေ့ဖြစ်ပေါ်လာခြင်း မိဘမောင်ဘွားဆွေမျိုးသားချင်းတို့အရှက်ရစေခြင်း မဖွယ်မရာပြုမူနေသည့်ဗီဒီယိုဖိုင်များဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွင်ပျံ့နှံ့၍အရှက်ရကာဘဝသေဆုံးခြင်း စသည့်အနေအထားများကိုမြင်တွေ့သိရှိနေရသဖြင့် အဆိုပါအလုံပိတ်တဲ၊အလုံပိတ်အခန်းများအား(၃)ရက်အတွင်း (၂၈.၇.၁၆)နောက်ဆုံးထားအပြီးပိတ်သိမ်းရန်မှာကြားခဲ့သည်။ သို့ပါ၍မနက်ဖြန်တွင်လိုက်လံစစ်ဆေးရမည့်နေ့ရက်သို့ ရောက်ရှိပြီဖြစ်ရာမဖျက်သိမ်းရသေးသောပိုင်ရှင်များမှ အပြီးဖျက်သိမ်းထားရန်မေတ္တာရှေ့ထားတိုက်တွန်းလိုက်သည်။ လာရောက်စဉ်စစ်ဆေးတွေ့ရှိပါကစည်ပင်သာယာရေးဥပဒေ အရအရေးယူသွားမည်ဖြစ်ပါသည် ။ ၎င်းဥပဒေအရထောင်ဒဏ်၆လမှတစ်နှစ်သော်လည်းကောင်း ဒဏ်ငွေကျပ်တစ်သိန်းသော်လည်းကောင်း ဒဏ်နှစ်ရပ်စလုံးသော်လည်းကောင်းပြစ်ဒဏ်ရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။ ပြည်မြို့အကျိုး၊အများအကျိုး၊အနယ်နယ်အရပ်ရပ်မှ မိကောင်းဖခင်တို့၏သားသမီးများကောင်းကျိုးချမ်းသာ အတွက်ဆောင်ရွက်ရသောလုပ်ဆောင်ချက်ဖြစ်သောကြောင့် မည်သူ့ကိုမျှချစ်ခြင်းမုန်းခြင်းမရှိပါပဲဥပဒေနှင့်အညီဆောင်ရွက် သွားမည်ဖြစ်ပါ၍နားလည်ခွင့်လွှတ်ကြပါရန်လည်း လေးစားစွာမေတ္တာရပ်ခံအပ်ပါသည် ။ သတင်းရယူဆောင်ရွက်လိုသောသတင်းသမားများ Pageအသီးသီးမှတာဝန်ခံAdminများ ပရဟိတဆောင်ရွက်နေသောမိတ်ဆွေအပေါင်းအသင်းများ မနက်ဖြန်မနက်၉နာရီအရောက်ခရိုင်ထွေအုပ်ရုံးရှေ့တွင် စုရပ်ဖြစ်ပါကြောင်းအသိပေးလိုပါသည် ။ ဖိတ်ခေါ်အပ်ပါသည်၊ပွင့်လင်းမြင်သာမှုရှိစေချင်ပါသည်။
ပျူမင်း သား ၂၈ .၇ .၁၆
အလုံပိတ်တဲ၊အလုံပိတ် အခန်းများ ဖွင့်လှစ်လုပ်ကိုင် စားသောက် နေသူများသို့ တရားဝင် သတိပေးချက်
Reviewed by Unknown
on
7:00:00 PM
Rating: