ဆိုင်ကယ်တစ်စီးနှင့် ဓါးကိုင်ဆောင်သူလူငယ်တစ်ဦးကို လှည့်ကင်းရဲဖွဲ့မှ ဖမ်းဆီးအရေးယူ

4Kje8.jpg …………………………………………………
၂၆ .၉.၂၀၁၆ ရက်နေ့ ည (၁၂ )နာရီအချိန်ခန့်တွင် ပဲခူးမြို့ အမှတ်(၂)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ဝင်း နှင့်အဖွဲ့သည် သက်သေများနှင့်အတူ လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ၂၇.၉.၂၀၁၆ ရက်နေ့ မနက်(၂)နာရီ အချိန်ခန့်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့် လူငယ်တစ်ဦးမှာ ဓါးဦးချွန်ဓါးရှည်တစ်လက်ကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့်ခေါက်တုံ့ခေါက်ပြန်မောင်းနှင်ပြီး ဆူပူသောင်းကျန်းနေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်း၏ ဝဲဘက်လက်တွင်ကိုင်ဆောင်ထားသော အရိုးအသွား(၂၂)လက္မခန့် ရှိ ဝါးရိုးတပ်ဓါးဦးချွန်တစ်ချောင်းဆိုင်ကယ်တစ်စီးနှင့် တွေ့ရှိရ၍အမှတ်(၂)နယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်
ပဲခူးခရိုင်ရှုထောင့်မီဒီယာရုံးခွဲမှ
နေမင်း(ပဲခူး)ပေးပို့သည် 4KOlY.jpg ခရက်ဒစ် ဇော်ရှင်း
#MyMedia
ဆိုင်ကယ်တစ်စီးနှင့် ဓါးကိုင်ဆောင်သူလူငယ်တစ်ဦးကို လှည့်ကင်းရဲဖွဲ့မှ ဖမ်းဆီးအရေးယူ ဆိုင်ကယ်တစ်စီးနှင့် ဓါးကိုင်ဆောင်သူလူငယ်တစ်ဦးကို လှည့်ကင်းရဲဖွဲ့မှ ဖမ်းဆီးအရေးယူ
Reviewed by Unknown on 4:45:00 AM Rating: 5
Powered by Blogger.