သောက်စားပြီး အော်ဟစ်နေသော လူငယ်၃ယောက်ကို ရဲတပ်ဖွဲ့ကဝိုင်းရိုက်တယ်ဆိုတဲ့ သတင်း ဖေ့ဘုတ်မှာပျံ့နှံ့လာ

yPaoZ.jpgသောက်စားပြီး အော်ဟစ်နေသော လူငယ်၃ယောက်ကို ရဲတပ်ဖွဲ့ကဝိုင်းရိုက်တယ်ဆိုတဲ့ သတင်း ဖေ့ဘုတ်မှာပျံ့နှံ့လာပါတယ်။ ကံယကံရှင်ရဲ့ အမဖြစ်သူဟာ အောက်ပါအတိုင်း ရေးသားတင်ပြထားတာ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို အများပြည်သူအထင်မှား အမြင်မှား မဖြစ်စေရန် သတင်းထုတ်ပြန်၍ ဖြစ်စဉ် အမှန်အတိုင်းဖြေရှင်းပေးစေလိုပါတယ်။
*************************************** yPZkG.jpg(အောက်ပါရေးသားချက်သည် ဖေ့ဘုတ်တွင်ပျံ့နှံ့လာသော ရိုက်ခံရသူရဲ့ အမဖြစ်သူ ရေးသားတင်ပြချက်ဖြစ်ပါတယ်)
****************************
၂၃.၉.၂၀၁၆
ပြောတော့ပြည်သူ့ရဲတဲ့ လူမဆန်တဲ့အလုပ်ကိုလုပ်တယ် ကျွန်မမောင်လေးကို ဝိုင်းရိုက်ထားကြတာကြည့်ပါဦး သူငယ်ချင်းသုံးယောက်လူငယ်သဘာဝ သောက်စားပြီးပြန်လာတယ် မူးတော့ဟိုအော်ဒီအော် အော်မိတယ် အဲ့ဒါကိုအမြင်ကပ်လို့ ရဲကင်းလှည့်နေတဲ့ကားပေါ်က ဆင်းလာပြီး ကလေးတွေကိုဝိုင်းရိုက်တယ် တစ်ယောက်ကတော့လွတ်လာပြီး ကျွန်မတို့ဆီကိုလာပြောတယ် နောက်တစ်ယောက်က စခန်းခေါ်သွားတယ် ကျွန်မမောင်လေးက ပြေးတယ်ပြေးတာကို အနောက်ကနေလိုက်ပြီးရိုက်တယ် ရပ်ကွက်ထဲထိဝင်ရိုက်တယ် ရပ်ကွက်ကောင်းလို့ပေါ့ မသေတာ အဲ့လိုကိုယ်ထိလက်ရောက်လုပ်စရာမလိုပါဘူး ကလေးတွေကို ၂၃ ရဲစခန်းကရဲတွေပါ။ အခုသူတို့တွေဘယ်လိုဆက်လုပ်ပေးကြမှာ လည်း ရိုက်တဲ့ အဲ့နှစ်ကောင်ကို ဘယ်လိုအရေးယူမှာလည်း ဖြစ်တာက ကြည့်မြင်တိုင်ရိပ်သာထဲမှာ ဖြစ်သွားတာပါ ရိပ်သာက ရပ်ကွက်သားတွေ ကျေးဇူးတင်ပါတယ် ရပ်ကွက်ကောင်းလို့သာမသေတာ သူငယ်ချင်းတို့များများဝိုင်းရှဲပေးကြပါ

Yu Wady yPdz4.jpg yP8iM.jpg yPF8f.jpg yP3uL.jpgမူရင်း တင်ပြတဲ့ ဖေ့ဘုတ်အကောင့်
Link https://m.facebook.com/story.php?story_fbid=572285779639775&id=100005750740655


သောက်စားပြီး အော်ဟစ်နေသော လူငယ်၃ယောက်ကို ရဲတပ်ဖွဲ့ကဝိုင်းရိုက်တယ်ဆိုတဲ့ သတင်း ဖေ့ဘုတ်မှာပျံ့နှံ့လာ သောက်စားပြီး အော်ဟစ်နေသော လူငယ်၃ယောက်ကို ရဲတပ်ဖွဲ့ကဝိုင်းရိုက်တယ်ဆိုတဲ့ သတင်း ဖေ့ဘုတ်မှာပျံ့နှံ့လာ Reviewed by Unknown on 4:56:00 AM Rating: 5
Powered by Blogger.