တမာကုန်း ရပ်ကွက်တွင် စက်တင်ဘာလ၂၃ ရက် ည ၁၀ နာရီ ခန့်က အဖိတ်နေ့ ဓမ္မစင်္ကြာ ရွတ်ဖတ်နေသည် ကို ရက်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် နိုင်ငံခြားသား တစ်ဦးက ဓမ္မာရုံအတွင်း ဝင်ရောက်၍ အသံချဲ့စက် ပိတ်သွားသဖြင့် သာသနာညှိုးနွမ်းမှု၊ ဗီဇာ စည်းကမ်း ဖောက်ဖျက်မှုတို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း အမှတ် ၉ နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးဒုရဲမှူးကြည်စိုး က ပြောသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဓမ္မာရုံတစ်ခုတွင် ဓမ္မစကြာင်္ရွတ်နေစဉ် နိုင်ငံခြားသားတစ်ဦးက ဖိနပ် မချွတ်ဘဲ ဝင်ရောက်၍ အသံချဲ့စက် ပိတ်သွားသဖြင့် ရက်ကွက်နေသူများက ယင်းနိုင်ငံခြားသားအား ဟိုတယ်ပြင်ပသို့ ထုတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း တမာကုန်း ရပ်ကွက်တွင် နေထိုင်သည့် ကိုဇင်မင်းနိုင် ကပြောသည်။
7 Day
ဓမ္မာရုံထဲဝင်၍ အသံချဲ့စက်ပိတ်ခဲ့သည့် နယ်သာလန် နိုင်ငံသားကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်
Reviewed by Unknown
on
6:08:00 AM
Rating: