ဆန္ဒပြကန့်ကွက်တာတွေ မတရားဘူးလို့ ဒေါ်နယ်ထရမ့်ပြောပြီ။


***************************************

သမ္မတရွေးကောက်ပွဲအပြီး အမေရိကန်မြို့ကြီးတွေမှာ ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေဟာ တရားမျှတမူကင်းမဲ့လွန်းတယ်လို့ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပါတယ်။ ဒီကနေ့ သူ့ရဲ့ ကိုယ်ပိုင် (လူမူကွန်ယက်)တွစ်တာစာမျက်နှာပေါ်ကနေ အခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။ ဒီတကြိမ်သမ္မတရွေးကောက်ပွဲဟာ ပွင့်လင်းမူအရှိဆုံးနဲ့ အောင်မြင်မူအရှိဆုံး ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့လည်း ထရမ့်ကရေးသားထားပါတယ်။ ဒီဆန္ဒပြပွဲတွေကို မီဒီယာတွေကပါ ချီးကျူးရေးသားဖေါ်ပြနေတာတွေဟာ တရားမျှတမူ လုံးဝမရှိဘူးလို့လည်း ဒေါ်နယ်ထရမ့်က ရေးသားထားပါတယ်။ ဒါဟာ သမ္မတရွေးကောက်ပွဲအပြီး ဒေါ်နယ်ထရမ့်ဆီကထွက်ပေါ်လာတဲ့ ပထမဆုံး ဝေဖန်ချက်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

5 Plus News

MMNWES

ဆန္ဒပြကန့်ကွက်တာတွေ မတရားဘူးလို့ ဒေါ်နယ်ထရမ့်ပြောပြီ။ ဆန္ဒပြကန့်ကွက်တာတွေ မတရားဘူးလို့ ဒေါ်နယ်ထရမ့်ပြောပြီ။
Reviewed by Unknown on 7:15:00 AM Rating: 5
Powered by Blogger.