(မန္တလေး ၊အောက်တိုဘာ၆)သာသနာညှိုးနွမ်းစေမှု လ၀က အက်ဥပဒေ ချိုးဖောက်မှု တွေနဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မှာ တရားစွဲဆို ခံထားရတဲ့ နယ်သာလန်နိုင်ငံသား Mr.KLLAS HAIJTEMA ကို ဒီနေ့မှာပဲ အဲဒီမြို့နယ်တရားရုံးက ပထမအမှု အတွက် ထောင်ဒဏ် ၃ လ၊ ဒုတိယအမှုအတွက် ဒဏ်ငွေ တစ်သိန်းချမှတ်လိုက်ပါတယ်။
ဓမ္မာရုံအတွင်း ဖိနပ်မစီးဘဲ ၀င်ရောက်ပြီး မိုက်ကြိုးဆွဲဖြုတ်ခဲ့တဲ့ အတွက် အဲဒီနိုင်ငံခြားသားကို ရပ်ကွက် လူမှုရေး အသင်း ဒုဥက္ကဌနဲ့ မြို့နယ် လ၀က ဦးစီးမှူးတို့က ပုဒ်မ ၂၉၅၊ ပုဒ်မ ၁၃(၁)တို့နဲ့ အသီးသီး တရားစွဲဆို ခဲ့တာဖြစ်ပြီး တရားသူကြီး ကတော့ ပုဒ်မ ၂၉၅ အစား ပုဒ်မ ၂၉၆ နဲ့ပြောင်းလဲ အမိန့်ချလိုက်တဲ့ အတွက် ထောင်ဒဏ် ၃ လ၊ ပုဒ်မ ၁၃(၁) အတွက်က ပြစ်မှု ကျူးလွန်တာ အသေအချာ စစ်ဆေးတွေ့ရတဲ့အတွက် ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ဒဏ်ငွေ တစ်သိန်းကျပ် ချမှတ်လိုက်တာပါ။
စောထွေး
Popular News Journal
နယ်သာလန်နိုင်ငံသားကို
သာသနာ ညှိုးနွမ်းစေမှု လ၀က အက်ဥပဒေချိုးဖောက်မှု တွေနဲ့ထောင်ချ
Reviewed by Unknown
on
3:53:00 AM
Rating: