ရဲစခန်း တိုင်ဖို့ ဘာသက်သေ အထောက်အထားမှ မရှိတဲ့ အမှုကို လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ပြီး အကူအညီတောင်းတော့မှ အမှုမှန်ပေါ်ပေါက်
******************************
ကျွန်မ ရဲ့ သမီးကြီး ကို အမျိုးမျိုး လိမ်လည်လှည့်ဖျား ပြီး ၄.၈.၂၀၁၆ စိန်နားကပ် ကို တောင်းယူသွားခဲ့ပြီး ၊ နောက်တနေ့မှာ လက်တော့ပ် ကို ခိုးယူပြီး လှည်းတန်း မှာ ရောင်းစားခဲ့ သူ ။ ၂၈. ၈.၂၀၁၆ မှာ သမီး ရဲ့ ဆွဲကြိုး ထည့်ထားတဲ့ စလင်းဘတ် အိတ်ကို အတင်းဆွဲ ယူ လွယ်ထားခဲ့ ပြီး ပြန်မပေးပဲ ထွက်ပြေးသွားခဲ့သူ နန်းခိုင်သဇင်ဝေ ဆိုသူ ကို ကျွန်မ ဖမ်းမိနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ရပါတယ် ။
Fb ပေါ် မှာ အမှု ဖြစ်စဉ် တင်လိုက်တဲ့ အတွက် သူမ ရဲ့ လိမ်ညာခြင်း ခိုးယူခြင်းခံခဲ့ရတဲ့ ကလေးတွေ ကျွန်မ ကို အများကြီး ဆက်သွယ် လာခဲ့ပါတယ် ။ ပထမဆုံး ကျွန်မ သူ့ ကို အမှု ဖွင့် စရာ ဓာတ်ပုံ တောင် မရှိပါဘူး ။ ရဲစခန်း တိုင်ဖို့ ဘာအထောက်အထားမှ မရှိခဲ့ပါဘူး ။ သူမ ရဲ့ လိမ်ညာခြင်း ခံရတဲ့ ကလေးတွေ ရဲ့ ကူညီ မှု ကြောင့် သူမ ရဲ့ ဓာတ်ပုံ ရလိုက်ပါတယ် ။ ဒါကြောင့် ၂. ၉. ၂၀၁၆ ရက်နေ့မှာ တောင်ဒဂုံ ရဲစခန်း မှာ ဓာတ်ပုံ နဲ့ တကွ တိုင်ချက်ဖွင့်လိုက်ပါတယ် ။ ဒါပေမယ့် ဘယ်မှာ နေမှန်း မသိတဲ့ အတွက် ဖမ်းဆီးဖို့ ခက်ခဲနေပါတယ် ။ ကျွန်မ ဘာသာ တစ်ဦးတည်း fb က လူတွေ ရဲ့ အကူအညီ ကို ရယူပြီး သူမ လိပ်စာ ရဖို့ ကြိုးစားခဲ့ရပါတယ် ။ ၆.၉.၂၀၁၆ မှာ သမီး ရဲ့ သူငယ်ချင်း တစ်ယောက် က ဖုန်းဆက်ပြီး သူမ နေထိုင်ရာ နေရာ ကို သတင်းပေးခဲ့ပါတယ် ။ တောင်ဒဂုံ က ကျွန်မ တို့ ရပ်ကွက် ရဲ့ နယ်မြေ နယ်ထိန်း ကို ဖုန်းဆက်ပြီး အိမ်လိပ်စာ သိပြီ လို့ ပြောခဲ့ပါတယ် ။ ကျွန်မ က တိုင်ချက် ပဲ ဖွင့်ရပြီး အမှု မဖွင့်ရသေးတဲ့ အတွက် နယ်မြေ ကျော် ဖမ်းလို့ မရဘူး လို့ ဖြစ်နေပါတယ် ။ ၇ . ၉ .၂၀၁၆ မှာတော့ သူမ ထွက်ပြေး ဖို့ ကြံစည် နေပြီ လို့ သတင်းထွက်လာပါတယ် ။ အဲ့နေ့မှာပဲ ကျွန်မ ကို ညီမလေး တစ်ယောက် က ထပ်မံဆက်သွယ်လာပါတယ် ။ သူလည်း ဒီ လူလိမ်မ ကို ဖမ်းချင်ကြောင်းနဲ့ ကျွန်မ ကို ကူညီ မယ် လို့ ဆက်သွယ် လာပါတယ် ။ ကံကောင်းစွာနဲ့ အဲ့ ညီမလေး နဲ့ ဆက်သွယ် မိသွားပြီး လိပ်စာ ပြောပြတဲ့အခါ ကန်တော်လေး တစ်ရပ်ကွက် တည်း နေမှန်း သိခဲ့ရပါတယ် ။ထို ညီမလေး ရဲ့ အကူအညီ နဲ့ နန်းခိုင်သဇင်ဝေ ရဲ့ တိုက်ခန်း ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ပါတယ် ။ ထွက်ပြေး တော့မယ်လို့ သတင်းရရခြင်း၇.၉.၂၀၁၆ ည ၉း၃၀ခန့်တွင် ကျွန်မ အမှုမဖွင့်တော့ ပဲ နဲ့ မင်္ဂလာတောင်ညွှန့် ရဲစခန်း ကို တိုက်ရိုက် သွားပြီး အကူအညီ တောင်းခဲ့ပါတယ် ။ မင်္ဂလာတောင်ညွှန့် ရဲစခန်း ကလဲ အမှုဖွင့် ထားတဲ့ တောင်ဒဂုံ ရဲစခန်း က နယ်ထိန်း တယောက် ပါမှ လိုက်ဖမ်းပေးလို့ရမယ်လို့ ရှင်းပြ ပါတယ် ။
ကျွန်မ နဲ့ အတူ ကူညီ ပေးနေသော ညီမလေး ၊ ကျွန်မ ရဲ့ ဖေဖေ သုံးယောက် သား တောင်ဒဂုံ ရဲစခန်း ကို ပြန်လာခဲ့ပါတယ် ။ တရားခံ ထွက်ပြေး တော့ မှာ မို့ ချက်ချင်း ကူညီ ဖို့ အမှုဖွင့် ပါတယ် ။ ကျွန်မ အမှု စပြီး တိုင်ချက်ဖွင့်တဲ့ အမှုစစ် ဒုရဲအုပ် ရဲ့ duty မဟုတ်တဲ့ အတွက် အဆင်မပြေ ဖြစ်ခဲ့ရပါတယ် ။ အမှု ဖြစ်စဉ် ကို အစအဆုံး ပြန်ပြောပြရ ပြီး စစ်ဆေးနေခဲ့တာ မနက် ၃ နာရီ ထိုးသွားခဲ့ပါတယ် ။ ကျွန်မ လည်း ဒီနေ့ ၈.၉.၂၀၁၆ ရက် နေ့ မိုးလင်းတာနဲ့ ရဲစခန်း ကို ပြန်သွားခဲ့ပါတယ် ။ တိုင်ချက် စ ဖွင့် စဉ်က ဒုရဲအုပ် ကိုနိုင်လင်း duty ဖြစ်နေတဲ့ အတွက် အဆင်ပြေ သွားပါတယ် ။ ထို အချိန်မှာ နန်းခိုင်သဇင်ဝေ က ကျွန်မ သမီး ကို ဖုန်းဆက်ပြီး သူ့အကြောင်း fb ပေါ် တင်တယ်ဆိုပြီး ရန်လှမ်းတွေ့ပါတယ် ။ ကျွန်မ ကိုလည်း ဆရာမ တယောက် ဟုတ်ရဲ့လား ဆိုတဲ့ စကားမျိုးနဲ့ မိုက်ရိုင်းစွာ လှမ်းပြောပါတယ် ။ ကျွန်မ က တွေ့ဆုံဖို့ ချိန်းတော့ သူ ရန်ကုန် မှာ မရှိကြောင်း ၊ ခရီးထွက်နေတယ်လို့ ပြောပါတယ် ။ ကျွန်မ လည်း ဒုရဲအုပ် ကိုနိုင်လင်း ကို သူ နဲ့ အဆက်အသွယ် ရရင် အကြောင်းကြားပါမယ်လို့ ပြောခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ် ။ ညနေ ၇ နာရီ ခန့် မှာ ကျွန်မ တို့ စောင့်ကြည့်ခိုင်းထားတဲ့ လူ မှ ဆက်သွယ် ပြီး ကောင်လေး တစ်ယောက် နဲ့ ကောင်မလေး တစ်ယောက် ပဲ ဆင်းလာပြီး city mart မှ မုန့်တွေ အများကြီး ဝယ်သွားတယ်လို့ သတင်းပို့ပါတယ် ။ ကျွန်မ လည်း စဉ်းစားလိုက်ပါတယ် ။ နန်းခိုင်သဇင်ဝေ အိမ်ထဲမှာ ပုန်းနေဖို့ အတွက် ရိက္ခာ စု တာလို့ ယူဆလိုက်ပါတယ် ။ ဒုရဲအုပ် ကိုနိုင်လင်း ကို ကျွန်မ ထင်မြင်ချက် လှမ်းပြောလိုက်တဲ့အခါ ချက်ချင်း ပဲ တက်တက်ကြွကြွ နဲ့ တရားခံ ဖမ်းဖို့ စီစဉ်ပေးပါတယ် ။ ကျွန်မ နဲ့ အတူ ဒုရဲအုပ် တစ်ဦးအပါအဝင် ရဲဘော် ရဲမေ ၆ ဦး တို့ တရားခံ ကို သွားရောက်ဖမ်းဆည်း ကြပါတယ် ။ မင်္ဂလာတောင်ညွှန့် ရဲစခန်း မှ တာဝန် ရှိသူများ ၊ ရပ်ကွက် အုပ်ချုပ်ရေး ရုံးမှ တာဝန် ရှိသူများနှင့် အတူ ချိတ်ဆက် ပြီး တရားခံ ကို သွားရောက်ဖမ်းဆည်းပါတယ် ။
တိုက် ၅၀ ၊ ၈ လွှာ (ယာ) ၊ ထီးတန်းဓမ္မာရုံလမ်း ၊ ကန်ဒေါင် ရပ်ကွက် ၊ ကန်တော်လေး ၊ မင်္ဂလာ တောင်ညွှန့် မြို့နယ် မှာ နန်းခိုင်သဇင်ဝေ နှင့် တကွ အပေါင်းအပါ တစ်စု ကို WY ဆေးပြား ၃၀ ၊ ဆေးထိုးအပ် ၊ ဆေးထိုးပိုက် များနှင့် ဖမ်းဆည်း ရလိုက်ပါတယ် ။
ကျွန်မ အခုလို နန်းခိုင်သဇင်ဝေ ကို ဖမ်းမိတဲ့ အတွက် သတင်းပေးကြတဲ့ သားသမီး များ ၊ သူမ လိပ်စာ ကို ပြောပေးသော သမီး မြင့်မြတ် ၊ ကျွန်မ နှင့် အတူ အစွမ်းကုန် ကူညီ ပေးတဲ့ ညီမလေး ဝတုတ်မလေး ၊ ဒုရဲအုပ် ကိုနိုင်လင်း ၊ နှင့် တောင်ဒဂုံ ရဲစခန်း မှ တာဝန် ရှိသူများ ၊ မင်္ဂလာ တောင်ညွှန့် စခန်း မှ တာဝန် ရှိသူများ ၊ အားလုံး ကို အထူးကျေးဇူးတင်ရှိပါတယ် ။ ကျွန်မ ရဲ့ fb မှ ပို့စ် ကို ကြည့်ပြီး နန်းခိုင်သဇင်ဝေ အကြောင်း အသေးစိတ် လေ့လာထားပြီး တရားခံ ဖမ်းရာမှာလဲ တက်ကြွ စွာ လိုက်ပါပေးတဲ့ ရဲတပ်သား စည်သူအောင် ကို လည်း အထူးကျေးဇူးတင်ရှိပါတယ် ။
ကျွန်မ တရားခံ ဖမ်းဖို့ ကြိုးစား တဲ့ နှစ်ည လုံး သွားတဲ့ နေရာမှန်သမျှ မငြီးမငြူ လိုက်ပို့ ပေးတဲ့ ကျွန်မ ရဲ့ best driver စိန်ဝင်းထွန်း ကို လည်း အထူးကျေးဇူးတင်ရှိပါတယ် ရှင် ။
Thuzar Tin Win
Reviewed by Unknown
on
10:01:00 PM
Rating:
