လမ်းပေါ်တွင် ရေချိုးအရွဲ့တိုက်ခြင်းသည် တိုင်းပြည်ကိုအရှက်ရစေဟု ထိုင်းဝန်ကြီးချုပ်ပြော

+++++++++++++++++++++++++++++++


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်ထဲမှာ အသက် ၂၂ နှစ်ရွယ် ကရင်မိန်းကလေးတဦးက လမ်းမကောင်းလို့ လမ်းမပေါ် ရေချိုးပြီး အရွဲ့တိုက်တဲ့ ရုပ်ပုံတွေဟာ ယူအန် (ကမ္ဘာ့ကုလသမဂ္ဂ) ထိရောက်သွားပြီး အခြားနိုင်ငံတွေပါ နှိုင်းယှဉ်လာကြတဲ့အတွက် နိုင်ငံကို အရှက်ရစေလို့ နောက်နောင် ဒီလိုမပြုမူဖို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ် ကျန်အိုးချားက တားမြစ်လိုက်ပါတယ်။


စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဘန်ကောက်ကွန်ဗဲန်းရှင်းစင်တာတွင် ကျင်းပတဲ့ အစိုးရပြန်တမ်းဝင်အဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။


လမ်းပြပြင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေတွေဟာ ပြည်သူများရဲ့ အခွန်ငွေဆီကလာတာဖြစ်ပြီး အဲဒီရန်ပုံငွေတွေကိုသုံးစွဲဖို့ ဒေသတွင်းရှိ ဌာနဆိုင်ရာတွေမှာ တာဝန်ရှိကြောင်း၊ ပြည်သူတွေ အနေနဲ့ အဲဒီဌာနကို တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း၊ အဲဒီလိုမဟုတ်ဘဲ အပျိုတွေရော အအိုတွေပါ လမ်းပေါ်ထွက်ပြီး ရေချိုးလှောင်ပြောင် ပြက်ရယ်ပြုတာဟာ တိုင်းပြည်ကို အရှက်ရစေတယ်လို့ ၀န်ကြီးချုပ်က ပြောသွားပါတယ်။


DVB

ကိုးကား – မာ့ဒီချွန်းသတင်း

လမ်းပေါ်တွင် ရေချိုးအရွဲ့တိုက်ခြင်းသည် တိုင်းပြည်ကိုအရှက်ရစေဟု ထိုင်းဝန်ကြီးချုပ်ပြော လမ်းပေါ်တွင် ရေချိုးအရွဲ့တိုက်ခြင်းသည် တိုင်းပြည်ကိုအရှက်ရစေဟု ထိုင်းဝန်ကြီးချုပ်ပြော Reviewed by Unknown on 10:48:00 PM Rating: 5
Powered by Blogger.