သမီးကို ဖုန်းဆက်ကြည့်လိုက်တော့ သူငယ်ချင်းအသံတွေကြားရမယ့်အစား ယောက်ျားတွေက သမီးဖြစ်သူကိုပြောနေတဲ့ စကားသံတွေကို ကြားလိုက်ရချိန်မှာတော့ စိတ်ပူစပြုလာပါတယ်။
အမည်ရှိ အသက် ၃၇ နှစ်အရွယ် လီရိလုံဟာ အွန်လိုင်းပေါ်မှာသိတဲ့ အမျိုးသားတစ်ဦးနဲ့ ချိန်းတွေ့ဖို့ထွက်သွားတဲ့ ၁၂ နှစ်သမီးလေးကို အပူတပြင်း ရှာဖွေနေတယ်လို့ သိရပါတယ်။
သူမရဲ့သမီးဖြစ်သူ ချန်ရှင်းဟိုင်က သူငယ်ချင်းတွေနဲ့အတူ မွေးနေ့အကြိုပွဲလုပ်ဖို့ ဂျဟောဘာရူက ဈေးဝယ်စင်တာကို ထွက်သွားခဲ့ရာကနေ ပျောက်ဆုံးသွားခဲ့တာပါ။ သူငယ်ချင်းရဲ့မိခင်က ကားနဲ့လိုက်ပို့ပေးမယ်ဆိုပြီး သမီးဖြစ်သူကပြောခဲ့လို့ လီရိလုံကလည်း သမီးကိုသွားခွင့်ပြုခဲ့ပါတယ်။ သမီးကို ဖုန်းဆက်ကြည့်လိုက်တော့ သူငယ်ချင်းအသံတွေကြားရမယ့်အစား ယောက်ျားတွေက သမီးဖြစ်သူကိုပြောနေတဲ့ စကားသံတွေကို ကြားလိုက်ရချိန်မှာတော့ စိတ်ပူစပြုလာမိတယ်လို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
အိမ်ကိုချက်ခြင်းပြန်လာဖို့ သမီးကိုပြောပေမယ့် သမီးဖြစ်သူက လက်မခံခဲ့ပါဘူး။ သမီးရှိရာကို လိုက်သွားဖို့ မအားတာကြောင့် ဖုန်းပဲတောက်လျှောက်ဆက်နေခဲ့ရပါတယ်။ ညနေ ၄ နာရီ ၁၀ မိနစ်အထိ ဖုန်းအဆက်သွယ်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အဆက်သွယ်ပြတ်သွားခဲ့ပါတယ်။ သမီးက ဖေ့စ်ဘွတ်ပေါ်မှာ ယီဆိုတဲ့ အသက် ၁၅ နှစ်အရွယ်ကောင်လေးနဲ့ ခင်နေတာကို စိတ်ပူမိတယ်လို့ လီရိလုံက ဆိုပါတယ်။ အရွယ်မရောက်သေးတဲ့ သမီးကိုတော့ ယခုချိန်ထိ ရှာဖွေနေဆဲပါ။
Source : Strait Times
ဖေ့စ်ဘွတ်ပေါ်မှာဆုံတဲ့လူနဲ့သွားတွေ့တဲ့ ၁၂ နှစ်သမီးလေး ပျောက်ဆုံးနေ
Reviewed by Unknown
on
5:03:00 AM
Rating:
Reviewed by Unknown
on
5:03:00 AM
Rating:
