ဓါးဖြင့်ခုတ်၍ ထွက်ပြေးနေသူအား ဖမ်းဆီရမိ


14-8-2016

လားရှိုးမြို့ ရပ်ကွက် ၁ ဘုရားလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယမန်နေ့က ဓါးခုတ်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း
ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး၏ ကြီးကြပ်ဆက်သွယ်မှုဖြင့် ဓါးဖြင့်ခုတ်၍ ထွက်ပြေးတိမ်းရှောင်နေသူ ဦးတင်အောင် အသက်(၆၅)နှစ်အား ၂၅း၃၀ နာရီအတွင်း ပဲခူးတိုင်းအနောက်ပိုင်း မင်းလှမြို့တွင် ဖမ်းဆီရမိခဲ့ပြီး ယခု မင်းလှမြို့နယ်ရဲတပ်ဖွဲ့စခန်းတွင်ထိန်းသိမ်းထားကြောင်းသတင်းရရှိပါသည်။

စိုးရိမ်စရာ မရှိတော့ပါခင်ဗျား

Nay Myo
(Lashio News)
ဓါးဖြင့်ခုတ်၍ ထွက်ပြေးနေသူအား ဖမ်းဆီရမိ ဓါးဖြင့်ခုတ်၍ ထွက်ပြေးနေသူအား ဖမ်းဆီရမိ Reviewed by Unknown on 12:48:00 AM Rating: 5
Powered by Blogger.