အသက်၆၂နှစ်ရှိအမျိုးသားတစ်ဦးကို မီးချောင်းကွဲ၊၀ါးလုံးတို့ဖြင့် ရိုက်နှက်၊ထိုးသတ်မှု လှိုင်မြို့နယ်၌ ဖြစ်ပွား ရုပ်သံ

===================
===================

အသက်၆၂နှစ်အရွယ်ရှိအမျိုးသားတစ်ဦးကိုတရပ်ကွက်တည်းနေသူကနေ မီးချောင်းကွဲ၊၀ါးလုံးတို့နဲ့ ရိုက်နှက်၊ ထိုးသတ်မှု လှိုင်မြို့နယ် (၆)ရပ်ကွက်၊သုခလမ်းမှာ ဒီနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက် ၆နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပါတယ်။ 


သေဆုံးသူအသက် ၆၂ နှစ်အရွယ် အမျိုးသားမှာ တက္ကစီမောင်းဖို့ အပြင်ကိုထွက်ချိန် တိုက်အောက်လှေကားအရောက် တရပ်ကွက်တည်းနေသူ အောင်ကျော်ဖြိုး(ခ) ကိုဖြိုးဆိုသူက မီးချောင်းကွဲနဲ့ ၀ဲဘက်လည်ပင်းကို ထိုးသွင်းခဲ့ပါတယ်။


အဲ့ဒီနောက် တိုက်ဘေးရှိ မုန့်ဟင်းခါးဆိုင်မှာ ၀ါးလုံးနဲ့ ရိုက်တာ၊ ၀ါးလုံးနဲ့ ထိုးတာတွေအကြိမ်ကြိမ် ထပ်မံပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဒီဖြစ်စဉ်ကြောင့် အသက် ၆၂အရွယ်အမျိုးသားမှာ ၀ဲဘက်လည်ပင်းပြတ်ရှဒဏ်ရာ၊ အပေါ်နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာနဲ့ မေးအောက်ပြတ်ရှဒဏ်ရာတွေရရှိကာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရပါတယ်။


ရုပ်သံဖိုင် ကြည့်ရှုရန်
https://www.facebook.com/elevenbroadcasting/videos/1746019622321181/


============

Eleven Broadcasting

အသက်၆၂နှစ်ရှိအမျိုးသားတစ်ဦးကို မီးချောင်းကွဲ၊၀ါးလုံးတို့ဖြင့် ရိုက်နှက်၊ထိုးသတ်မှု လှိုင်မြို့နယ်၌ ဖြစ်ပွား ရုပ်သံ အသက်၆၂နှစ်ရှိအမျိုးသားတစ်ဦးကို မီးချောင်းကွဲ၊၀ါးလုံးတို့ဖြင့် ရိုက်နှက်၊ထိုးသတ်မှု လှိုင်မြို့နယ်၌ ဖြစ်ပွား

ရုပ်သံ Reviewed by Unknown on 12:16:00 AM Rating: 5
Powered by Blogger.