========================================30..9..16
-
အိမ်အကူမိန်းကလေးငယ်များအားညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများ
မပေးခဲ့သဖြင့် ကျောက်တံတား မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်
ရှိသော အမှုများမှ တိမ်းရှောင်နေသူ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် မသီရိလတ်၏ သမီးငယ်နှစ်ဦးအား လူကယ်ပြန်ဝန်ကြီးဌာနမှ ကူညီမည်
ဟုသိရသည်။
-
"လူကယ်ပြန်ဝန်ကြီး ပါမောက္ခ ၀င်းမြတ်အေးကို ဒုတိယအကြိမ်ဖုံးဆက်ပြီး အင်းဝက ကျန်ရစ်ခဲ့တဲ့ ကလေးငယ်တွေကို သွားရောက်ကူညီဖို့ ပြောဆို
ခဲ့ပါတယ်။
-
ဝန်ကြီးက အင်မတန်နူးညံ့တဲ့လေသံနဲ. ဒါကိုလုပ်ဖို့ဆန္ဒရှိကြောင်းပြော
ပါတယ်။ သူက ဂျကာတာမှာရောက်နေလို့ သူ့လက်ထောက်
ကို ကျနော်နဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ချက်ချင်းပဲတာဝန်ပေးပါတယ်။
-
သူ့လက်ထောက်ကလည်း ချက်ချင်းပဲ ကျနော့်ကို ဖုံးဆက်ပြီး ဒီကိစ္စလုပ်ဆောင်
ဖို့ မေးမြန်းလာပါတယ်"ဟု ယင်းအမှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်းက သူ၏ facebook စာမျက်နှာတွင်ရေးသားထားခြင်းဖြစ်သည်။
မသီရိလတ်၏ သမီးငယ်နှစ်ဦးမှာ အသက် ၂ နှစ်နှင့် ၆ နှစ်အရွယ်များဖြစ်ကြပြီး ဖျားပြီးနေမကောင်းဖြစ်နေသဖြင့် ရဲစခန်းသို့ သွားရောက်
အဖမ်းခံရန် နှောင့်နှေးခဲ့ရကြောင်း မသီရိလတ်က သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ညနေ ၆ နာရီခွဲခန့်ကရေးသားခဲ့သည်။
-
ရန်ကုန်တိုင်းပြည်သူ့ရဲတပ်ဖွဲ့ကမူ မသီရိလတ်သည် ယမန်နေ့ည ၉ နာရီက
ကျောက်တံတားမြို့မရဲစခန်းသို့လာရောက်အဖမ်းခံကြောင်းဆိုသည်။
-
မသီရိလတ်သည် အိမ်အကူမိန်းကလေးငယ်များအားညှင်းပန်းနှိပ်စက်ပြီး
လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်း(ပ)၁၉၃/၂၀၁၆၊
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၉/၂၄/ ၃၂၊ (ပ)၂၀၁/၂၀၁၆၊
ရာဇသတ်ကြီးပုဒ်မ-၃၂၆/၃၂၅/၃၄၄/၁၁၄ နှင့် ရဲအရေးမပိုင်မှုအမှတ်စဉ်
(၄၀/၂၀၁၆)၊ ကလေးသူငယ်ဥပဒေပုဒ်မ-၆၆(ဃ) တို့ဖြင့် အရေးယူဆောင်
ရွက်လျက်ရှိသော အမှုများမှ နောက်ဆုံးကျန်ရှိနေသော တိမ်းရှောင်နေသူ
တစ်ဦးဖြစ်သည်။
အဆိုပါအမှုကို ယနေ့နံနက်၁၀နာရီခွဲခန့်က အနောက်ပိုင်းခရိုင်တရားရုံးတွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး လာမည့် အောက်တိုဘာလ ၆ ရက်နေ့တွင် အမှုကို စတင်ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ယင်းအမှုကိုတာဝန်ယူရသည့် တရားသူကြီး ဒေါ်ဆွေဆွေဝင်းကပြောသည်။
==========
Popular News
အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် မသီရိလတ်၏ သမီးငယ်နှစ်ဦးအား လူကယ်ပြန်ဝန်ကြီးဌာနမှ ကူညီမည်
Reviewed by Unknown
on
3:07:00 AM
Rating: