သေဆုံးပြီဟု အတည်ပြုကာ ဂူသွင်းမြှုပ်နှံပြီးမှ အသံများကြားရ၍ ပြန်ဖွင့်ခဲ့ရ (ရုပ်သံ)

ဒီထိတ်လန့်စရာကောင်းတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ကိုယ်ဝန်ဆောင် ဆယ်ကျော်သက်အရွယ်မိန်းက လေးတဦးသေဆုံးပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာပါ။ ဟွန်ဒူးရပ်စ်နိုင်ငံအနောက်ပိုင်း၊ လာအန်ထရာဒါမြို့မှ နေစီ ပီရက်ဇ်အမည်ရတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦးဟာ မီးလောင်မှုတခုတွင်း ပိတ်မိနေခဲ့ပြီး နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီလို့ ဆရာဝန်တွေက အတည်ပြုလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ မိဘတွေက သူ့ကို ခေါင်းတလားတွင်းမှာ ထည့်သွင်း မြုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်တနေ့မှာတော့ သူ့ရဲ့ ချစ်သူကောင်လေးဟာ သချိင်္ုင်းဆီသွားရောက်ချိန်မှာ ဂူအတွင်းပိုင်းက အသံတွေကြားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ သူက သချိင်္ုင်းအစောင့်တဦးကို ခေါ်ခဲ့ပြီး နားထောင်ခိုင်းချိန်မှာ သူ ကလည်းကြားရတဲ့အတွက် ဂူကို ပြန်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ကြရတာပါ။ ဂူကို ဖွင့်ပြီးချိန်မှာတော့ ခေါင်းတလားရဲ့ အဖုံးဟာ ပွင့်လျက်သားရှိနေခဲ့ပြီး အဆို ပါမိန်းကလေးကတော့ သေဆုံးနေခဲ့ပါပြီ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိသားစုဝင်တွေက အဲဒီမိန်းကလေးအနေနဲ့ အသက် အန္တရာယ်ကလွတ်မြောက်အောင် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို ပြန်ဖွင့်ပြီး ကြည့် နေခဲ့ကြတာကို တွေ့ရမှာပါ။ ဒါပေမယ့် ဆရာဝန်တွေကတော့ မိန်းကလေးဟာ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အ တည်ပြုပြောဆိုကာ အသံတွေကြားရတယ်ဆိုတာ သတို့သားရဲ့ စိတ်ကူးအထင်သက် သက်သာဖြစ်နိုင်တယ်လို့ ပြောလိုက်တာပါ။ ဒါပေမယ့် ခေါင်းတလားမှန်ဟာ ကွဲအက်နေပြီး ပွင့်လျက်သားရှိနေခဲ့တာကိုတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ခဲ့ဘူးလို့ မေရာသတင်းမှာ ဖော်ပြ ပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့တနှစ်က ဖြစ်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန်လည်ရေပန်းစားနေခဲ့ကာ ယူကျူဘ်အင်တာနက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုတဲ့ အ ကြိမ်ရေ ၄ သန်းကျော်ရှိခဲ့ပါတယ်။ DVB

PhotoPlusSave_2016-09-02-07-06-50_1472819810015
သေဆုံးပြီဟု အတည်ပြုကာ ဂူသွင်းမြှုပ်နှံပြီးမှ အသံများကြားရ၍ ပြန်ဖွင့်ခဲ့ရ (ရုပ်သံ) သေဆုံးပြီဟု အတည်ပြုကာ ဂူသွင်းမြှုပ်နှံပြီးမှ အသံများကြားရ၍ ပြန်ဖွင့်ခဲ့ရ (ရုပ်သံ) Reviewed by Unknown on 11:03:00 PM Rating: 5
Powered by Blogger.