ရုရှားနိုင်ငံ မော်စကိုမြို မှာနေထိုင်တဲ့ အမျိုးသမီးတစ်ယောက် ဟာ နေအိမ်ခန်းထဲထိ အလွန်ကြီးသော ပိုကီမွန်တစ်ကောင်မှ လာကာ မုဒိမ်းပြုကျင့်သွားကြောင်း ရဲများကို အမှုဖွင့်တိုင်တန်းခဲ့ပါတယ် ။ သူမ ဟာ မအိပ်ခင်က Pokemon Go ဂိမ်းကို ကစားရင်းအိပ်ပျော်သွားခဲ့တာလဲ ဖြစ်ပါတယ် ။

အိပ်နေတဲ့အချိန်က ပိုကီမွန်ကြီးတစ်ကောင် သူမအပေါ်မှ တက်ကာ လိင်ဆက်ဆံလျက်ရှိကြောင်း အိပ်ရာမှ ကုန်းရုန်းထစဉ် ထို ပိုကီမွန်ကြီးပျောက်သွားသော်လည်း Pokemon Go ဂိမ်းထဲမှ မြေပုံထဲတွင် သူမအနီးမှာ ထို ပိုကီမွန်ပုံစံတူကို ဆက်လက်တွေ့ရှိနေရသေးကြောင်းဖွင့်ဆိုခဲ့သော်လည်း ရဲများမှာ လက်မခံပဲ ပယ်ချပြီဲး စိတ်ပညာရှင်တစ်ဦးနှင့်သာ ဆွေးနွေးရန်အကြံပြုခဲ့ကြ ပါတယ်။
ထိုအမျိုးသမီး၏ သူငယ်ချင်းဖြစ်သူ Ivan Makarov ကလဲ "သူက သူ့အိမ်တစ်ဝိုက်မှာ ပိုကီမွန်တွေအများကြီးရှိတယ်လို့ပြောဖူးသလို Pokemon Go ဂိမ်းထဲက မြေပုံထဲမှာ ပိုကီမွန်ပေါ်လာတိုင်း မြေပုံထဲက နေရာရဲ့ တကယ့်နေရာကိုကြည့်ကာ သူမွေးထားတဲ့ ခွေးက ခဏခဏလှည့်ပတ်ဟောင်လို့ ပိုကီမွန်တွေက အပြင်မှာတကယ်ရှိနေတာ ခွေးတောင်သိတယ် လို့ ခဏခဏ ပြောဖူးပါတယ်" ဟု လဲ ပြောကြားခဲ့ပါတယ် ။ ထိုအမျိုးသမီးဟာ သူ့ယောက်ျားအကြံပြုချက်အတိုင်း စိတ်ပညာရှင်နှင့် ဆွေးနွေးဖို့ ထပ်မံချိန်းဆိုထားကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

Credit: KCB Center
Pokemon Go ထဲက Monstar မုဒိန်းလာကျင့်သွားကြောင်း ရဲစခန်းကိုအမှုဖွင့်တိုင်ကြားတဲ့ ရုရှားအမျိုးသမီး
Reviewed by Unknown
on
12:29:00 AM
Rating: