အလိုအလျောက် ဖုန်းဘီလ်ဖြတ်တောက်မှုများဖြစ်ခဲ့၍ ထပ်ဆောင်းဝန်ဆောင်မှုများကို MPT ယာယီရပ်ဆိုင်း


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)က သုံးစွဲသူများ၏ ဖုန်းဘီလ်ထဲမှ အလိုအလျောက် ဖြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့၍ ၎င်းတို့၏ထပ်ဆောင်းဝန်ဆောင် မှုများ ယာယီရပ်ဆိုင်းကြောင်း သတင်းရရှိသည်။

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)က သုံးစွဲသူများ၏ ဖုန်းဘီလ်ထဲမှ အလိုအလျောက် ဖြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့၍ ၎င်းတို့၏ထပ်ဆောင်းဝန်ဆောင် မှုများ ယာယီရပ်ဆိုင်းကြောင်း  သတင်းရရှိသည်။

MPTသည် ၎င်းတို့၏ ထပ် ဆောင်းဝန်ဆောင်မှုစနစ် အား နည်းချက်ကို အသုံးချကာအခွင့်မဲ့ ၀င်ရောက်ပြီးလှည့်ဖြားအသုံးပြု နေသည့်ဖြစ်ရပ်များ တွေ့ရှိခဲ့သဖြင့် ယာယီရပ်ဆိုင်းရန်ဆုံးဖြတ် ခြင်းဖြစ်ကြောင်း သြဂုတ် ၁၃ရက်က သတင်းထုတ်ပြန်ခဲ့သည်။

 ဇူလိုင်အတွင်းက MPT ဆင်းမ်ကတ်အသုံးပြုသူများသည် အထွက်ပြောဆိုမှု(Outgoing Call)မရှိဘဲ ဖုန်းဘီလ်ထဲမှ အလို အလျောက်ဖြတ်တောက်ခံခဲ့ရ၍ဖေ့စ်ဘွတ်ခ်တွင် ရေးသားခြင်းနှင့် MPT Call Centerသို့ တိုင်ကြား ခြင်းများပြုလုပ်ခဲ့ပြီး နှစ်ပတ်အ ကြာ၌ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း(MPT)က ဖြစ်နိုင်ခြေရှိသော လှည့်ဖြားမှုများအတွက် ထပ်မံစစ်ဆေးမှုများပြုလုပ်မည်ဟု ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းနှင့်အကျိုးတူပူးပေါင်းဆောင် ရွက်နေသော ကုမ္ပဏီငါးခုက ဗေ ဒင်မေးမြန်းခြင်း၊ သီချင်းသံထည့် သွင်းခြင်း၊ သတင်းရယူခြင်း၊  ဘောလုံးပွဲရလဒ်ရယူခြင်းစသည့် ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအ စား ၁၃၄ခုပေးနေခြင်းဖြစ်သည်။

ထပ်ဆောင်းဝန်ဆောင်မှု များရပ်ဆိုင်းရန် သတင်းထုတ်ပြန် ခြင်းကြောင့် ယင်းဝန်ဆောင်မှုပေး နေသည့် ကုမ္ပဏီများနှင့်သုံးစွဲသူ ပြည်သူများအတွက် နစ်နာမှုများ ရှိနေကြောင်း MPTနှင့်အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

‘‘ကုမ္ပဏီတွေနဲ့ MPTအ ကြားချုပ်ဆိုထားတဲ့ စာချုပ်တွေရှိ တယ်။ သူတို့ရပ်နားချင်တိုင်းရပ် နားလို့မရဘူး။ ၀န်ဆောင်မှုပေး နေတဲ့ ကုမ္ပဏီအတွက်လည်းနစ် နာတယ်။ ၀န်ဆောင်မှုရယူသုံးစွဲ နေသူတွေအတွက်လည်းနစ်နာ တယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကဆို သည်။

7daydaily
အလိုအလျောက် ဖုန်းဘီလ်ဖြတ်တောက်မှုများဖြစ်ခဲ့၍ ထပ်ဆောင်းဝန်ဆောင်မှုများကို MPT ယာယီရပ်ဆိုင်း အလိုအလျောက် ဖုန်းဘီလ်ဖြတ်တောက်မှုများဖြစ်ခဲ့၍ ထပ်ဆောင်းဝန်ဆောင်မှုများကို MPT ယာယီရပ်ဆိုင်း Reviewed by Unknown on 11:48:00 PM Rating: 5
Powered by Blogger.