KIA လက်နက်ကိုင်အဖွဲ့ မှ ခရီးသွားယာဉ်အား တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦး ဒဏ်ရာရှိ



မြစ်ကြီးနား -ကန်ပိုက်တည် သွားကားလမ်းပေါ်တွင် ယာဉ်များအား KIA လက်နက်ကိုင်အဖွဲမှ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်သဖြင့်ခရီးသွားပြည်သူတစ်ဦးဒဏ်ရာရရှိ
နေပြည်တော် သြဂုတ် ၂၁

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ကန်ပိုက်တည်မြို့၊ ဝေါခြုံကျေးရွာ၏ အနောက်ဘက်၁ မိုင်ခန့်အကွာတွင် KIA လက်နက်ကိုင်အဖွဲ့အင်အား ၁၀ ဦးခန့်က မြစ်ကြီးနား- ကန်ပိုက်တည်ကားလမ်းအတိုင်း မောင်းနှင်လာသော ယာဉ်အမှတ်၊ ၃ခ/------- ဒိုင်နာအမျိုးအစား(အပြာရောင်)နှင့် ယာဉ်အမှတ်၊ ၃ခ/-------ဒိုင်နာအမျိုးအစား(စိမ်းနု) ယာဉ်နှစ်စီးအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်များ၏ ရှေ့မှန်၊ ဘေး ညာဘက်မှန်၊ ယာဉ်၏ညာဘက် ဘော်ဒီ ထိခိုက် ပျက်စီးခဲ့ပြီး ခရီးသွားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်နေရာအား တပ်မတော်စစ်ကြောင်းများက နယ်မြေ ရှင်းလင်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
KIA လက်နက်ကိုင်အဖွဲ့ မှ ခရီးသွားယာဉ်အား တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦး ဒဏ်ရာရှိ KIA လက်နက်ကိုင်အဖွဲ့ မှ ခရီးသွားယာဉ်အား တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦး ဒဏ်ရာရှိ Reviewed by Unknown on 6:33:00 AM Rating: 5
Powered by Blogger.