INTERNATIONAL CELEBRITY: ကျားတစ်ကောင်နဲ့ ပွေ့ဖက်ပြီး ဗီဒီယိုရိုက်ခဲ့တဲ့ လူးဝစ်ဟမ်မင်တန်


ကျားကြီးဟာ ကြောင်လေးတစ်ကောင်အလား လိမ္မာယဉ်ကျေးလှပါတယ်။

ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား လူဝစ်ဟမ်မင်တန်ဟာ ရှားပါးကျားတစ်ကောင်နဲ့ တရင်းတနှီးရှိနေပုံကို ဗီဒီယိုရိုက်ကူးပြီး Snapchat ကနေ တင်ခဲ့ပါတယ်။

မက္ကဆီကိုက Black Jaguar White Tiger Foundation မှာ ရိုက်ကူးခဲ့တဲ့ အဲဒီဗီဒီယိုထဲမှာ လူးဝစ်က ကျားကြီးရဲ့ ခေါင်းကို ပွတ်သပ်ပေးနေပြီး ကျားကြီးကလည်း သူ့ကို လျှာနဲ့လျက်လို့ သဘောတကျ ရှိနေခဲ့ပါတယ်။

အဲဒီဗီဒီယိုကြည့်ရတာ အသည်းယားစရာကောင်းသလို လိမ္မာလှတဲ့ ကျားကြီးက ချစ်ဖို့လည်း ကောင်းနေပေမဲ့ တောရိုင်းတိရစ္ဆာန်ချစ်သူများကတော့ ဝေဖန်လိုက်ပါတယ်။

တိရစ္ဆာန်ဆိုတာ လူတွေရဲ့ အဖျော်ဖြေခံဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ယင်းဗီဒီယိုက အားပေးနေတယ်လို့ Peta အဖွဲ့ရဲ့ဒါရိုက်တာ အလီဆာက ပြောပါတယ်။

Source & Photos : Metro

Original Article


INTERNATIONAL CELEBRITY: ကျားတစ်ကောင်နဲ့ ပွေ့ဖက်ပြီး ဗီဒီယိုရိုက်ခဲ့တဲ့ လူးဝစ်ဟမ်မင်တန် INTERNATIONAL CELEBRITY: ကျားတစ်ကောင်နဲ့ ပွေ့ဖက်ပြီး ဗီဒီယိုရိုက်ခဲ့တဲ့ လူးဝစ်ဟမ်မင်တန်

Reviewed by Unknown on 4:47:00 AM Rating: 5
Powered by Blogger.