ကုတိုးစက်လှေနစ်မြုပ်ရာတွင် ပျောက်ဆုံးနေသည့် ကျောင်းသူ(၃)ဦး အလောင်းအားတွေ့ရှိ


စက်လှေနစ်မြုပ်၍ ပျောက်ဆုံးနေသည့် ကျောင်းသူ(၄)ဦးတွင်း (၃)ဦး၏ အလောင်းအား ယနေ့တွင် တွေ့ရှိ ကြောင်း ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

ရသေ့တောင်မြို့နယ် တွင် သြဂုတ်လ ၁၉ ရက်နေ့က ဈီးကုန်တန်းမှ ရန်အောင်ပြန်ကျေးသို့ ကျောင်း တက်လာသည် ကျောင်းသား ကျောင်းသူ (၁၇)ဦးပါလာသည့် ကုတိုးစက်လှေမှာလှေဦးရေဝင်၍ နစ်မြုပ်ခဲ့ရာ (၁၃)ဦးကယ်ဆယ်နိုင်ခဲ့ပြီး (၄)ဦးမှာ ပျောက်ဆုံးနေရာ ယနေ့တွင် (၃)ဦး၏ အလောင်း အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“မနက်ကတစ်ယောက်ရယ်၊ ညနေ ၃နာရီကျော်က တစ်ယောက်၊ ညနေ ၄နာရီကျော်မှာတစ်ယောက်၊ ဒီနေ့ တွေ့ရှိတာက သုံးဦးပါ၊ တယောက်ကျန်သေးတယ်’’ဟု ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောသည်။

တွေ့ရှိသည့်ကျောင်းသူ (၃)ဦးမှာ မတင်ရီ(နဝမတန်း)၊ မနီနီအေး( သတ္တမတန်း)၊ မတင်မေဦး( ပဉ္စမတန်း) တို့ဖြစ်ပြီး ကျန်တစ်ဦးအား ရှာဖွေနေဆဲဖြစ်ကြောင်းသိရှိရသည်။

Rakhine Gazette
ကုတိုးစက်လှေနစ်မြုပ်ရာတွင် ပျောက်ဆုံးနေသည့် ကျောင်းသူ(၃)ဦး အလောင်းအားတွေ့ရှိ ကုတိုးစက်လှေနစ်မြုပ်ရာတွင် ပျောက်ဆုံးနေသည့် ကျောင်းသူ(၃)ဦး အလောင်းအားတွေ့ရှိ

Reviewed by Unknown on 5:38:00 AM Rating: 5
Powered by Blogger.