သြဂုတ်လ၊ ၁၅ ရက်နေ့က စင်ကာပူနိုင်ငံရှိ ကားများအမြဲမပြတ် ဥဒဟိုသွားလာနေတဲ့ 'နီကိုးလ်’ ဟိုင်းဝေးပေါ့်မှာ အမျိုးသမီးတစ်ဦး အပေါ်ပိုင်းအဝတ်အစားမပါပဲ လျှောက်သွားနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပြပါတယ်။ အဲသည်ဖြစ်စဉ်က 'နီကိုးလ်’ ဟိုင်းဝေးကနေ 'မောင့်ဘတ်တန်’ လမ်းကိုသွားမယ့် လမ်းကြောင်းမှာ ညနေ ၅:၄၅ မိနစ်လောက်မှာ ကားလမ်းတွေ ပိတ်ဆို့ခဲ့ပါတယ်။
မျက်မြင်သက်သေတစ်ဦးက “South Beach Hotel နားမှာပေါ့၊ အဲဒီအမျိုးသမီးက သူ့ရဲ့ညာဖက်လက်ထဲမှာ ဘရာစီယာကို ကိုင်ထားရင်း အပေါ်ပိုင်း ဘာအဝတ်မှမပါပဲနဲ့ မြို့ထဲဘက်ကို ဦးတည်ပြီး အေးဆေးလျှောက်သွားတယ်၊ သူ့ကို မတိုက်မိအောင် ရှောင်ဖို့အတွက် ကားတွေက လမ်းကြောင်းပြောင်းပြီး မောင်းနေကြရပါတယ်”
အဆိုပါ အမျိုးသမီးဟာ တရုပ်ပြည်ကလာတဲ့ သူဖြစ်ပြီး၊ ယာဉ်တိုက်မှုတွေတော့ ဘာမှမရှိခဲ့ပါဘူး။ ၃၈ နှစ်အရွယ် ထိုအမျိုးသမီးကို စိတ်ကျန်းမာရေးဆိုင်ရာ ဥပဒေနဲ့ ထိန်းသိမ်းထားခဲ့ပါတယ်။
ဘယ်လိုအကြောင်းကြောင့် ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်ကိုတော့ ရဲအဖွဲ့က ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
Ref: TNP
စင်ကာပူဟိုင်းဝေး လမ်းမကြီးပေါ်က အပေါ်ပိုင်း ချွတ်ပြီး လျှောက်သွားနေတဲ့ အမျိုးသမီး
Reviewed by Unknown
on
3:28:00 AM
Rating: