လေယာဉ်ပျက်ကျမှုမှာ အသက်ဘေးက လွတ်မြောက်ခဲ့သူ အမေရိကန် ဒေါ်လာ တစ်သန်းဆု ထီပေါက်ခဲ့


ယခုလ အစောပိုင်းက ဒူဘိုင်းမြို့ လေဆိပ်ကို ဆင်းသက်ရာမှာ ဝမ်းဗိုက်နဲ့ ဆင်းသက်ပြီး ပေါက်ကွဲခဲ့တဲ့ အမ်းမရိတ်စ် လေယာဉ်မှာ လိုက်ပါခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ခရီးသည်ဟာ ဒီဖြစ်ရပ်အပြီး ၆ ရက် အကြာမှာတော့ အမေရိကန် ဒေါ်လာ တစ်သန်းဆု ထီပေါက်ခဲ့လို့ ကမ္ဘာ့ ကံအကောင်းဆုံး လူသားလို့ ဂုဏ်ပြုခံနေရပါတယ်။ 

ဒူဘိုင်းက ကားကုမ္ပဏီ တစ်ခုမှာ အရောင်းကိုယ်စားလှယ်အဖြစ် အလုပ် လုပ်တဲ့ အဗ္ဗဒူလ် ခါဒါ (Mohammad Basheer Abdul Khada) ဟာ အိန္ဒိယကို ပြန်တဲ့ အခါတိုင်း ထီထိုးလေ့ရှိပြီး အမေရိကန် ဒေါ်လာ တစ်သန်းဆု ပေါက်တဲ့ ထီကတော့ သူထိုးခဲ့တဲ့ ထီတွေထဲမှာ ၁၇ ကြိမ်မြောက်လို့ ဆိုပါတယ်။ အဗ္ဗဒူလ် ခါဒါဟာ အသက် ၆၁ နှစ် အရွယ်ရှိပြီး ကားကုမ္ပဏီမှာ သူ အလုပ် လုပ်လာတာ ၃၆ နှစ် ရှိပြီဖြစ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အလုပ်ကနေ အနားယူဖို့ စီစဉ်ခဲ့ပေမယ့် သူ့ကုမ္ပဏီက နောက်တစ်နှစ် အလုပ် လုပ်ဖို့ စည်းရုံးခဲ့တာကြောင့် ဒူဘိုင်းမှာ ဆက်ရှိနေတာဖြစ်ပြီး ဒီအတွက်ကြောင့်လည်း ဒူဘိုင်းရဲ့ အခွန်လွတ် သန်းဆု ထီပေါက်ခဲ့တာပါ။ 

အဗ္ဗဒူလ် ခါဒါက အလုပ်ကနေ အနားယူပြီးရင် အိန္ဒိယသို့ပြန်ပြီး ကီရာလာပြည်နယ်မှာ အကူအညီ လိုအပ်နေတဲ့ ကလေးငယ်တွေကို ကူညီနိုင်မယ့် အလုပ် လုပ်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဗ္ဗဒူလ် ခါဒါက ထီပေါက်တဲ့ ပိုက်ဆံတွေကို ပရဟိတ အဖွဲ့ တစ်ဖွဲ့ထံသို့ လှူဒါန်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဩဂုတ်လ ၃ရက်နေ့မှာ ဒူဘိုင်းမြို့ လေဆိပ်မှာ ဝမ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရပြီး ပေါက်ကွဲခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း ၃၀၀ ပါဝင်ခဲ့ပေမယ့် အသေအပျောက် မရှိခဲ့ပါဘူး။

Ref :
1. http://www.telegraph.co.uk/news/2016/08/10/worlds-luckiest-man-dubai-air-crash-survivor-wins-one-million-do/
2. http://www.abc.net.au/news/2016-08-11/dubai-plane-crash-survivor-hits-$1m-jackpot/7718866
Nz (ရိုးရာလေး)
www.yoyarlay.com
လေယာဉ်ပျက်ကျမှုမှာ အသက်ဘေးက လွတ်မြောက်ခဲ့သူ အမေရိကန် ဒေါ်လာ တစ်သန်းဆု ထီပေါက်ခဲ့ လေယာဉ်ပျက်ကျမှုမှာ အသက်ဘေးက လွတ်မြောက်ခဲ့သူ အမေရိကန် ဒေါ်လာ တစ်သန်းဆု ထီပေါက်ခဲ့

Reviewed by Unknown on 6:35:00 AM Rating: 5
Powered by Blogger.