မိန်းကလေးသည်နေအိမ်တဲတောင်ဘက် ကိုက် (၃၀၀)ခန့်အကွာ ရှိပဲစင်းငုံခင်းအတွင်းပေါင်းမြက်များနုတ်နေစဉ်
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ နယ် ၃၂ မိုင် တောတိုက် ရွာရှိ အသက်
၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို
အသက်၂၀နှစ်အရွယ်လူငယ်တစ်ဦးမှ ရည်စားစကားပြောရာ လက်မခံသဖြင့်
အဓမ္မပြုကျင့်ကာ ထွက်ပြေး ခဲ့သဖြင့် သြဂုတ်လ ၁၈ ရက်နေ့က
အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကနီရဲစခန်းမှသတင်းရရှိသည်။
ဖြစ်စဉ်မှာ ယခုလ ၁၀ ရက်နေ့က အသက် ၁၅ နှစ်အရွယ်မိန်းကလေးသည်
နေအိမ်တဲတောင်ဘက် ကိုက် (၃၀၀)ခန့်အကွာ ရှိပဲစင်းငုံ
ခင်းအတွင်းပေါင်းမြက်များနုတ်နေစဉ် ကနီမြို့နယ် ထူးကျေးရွာမှ အသက် ၂၀
အရွယ်လူငယ်မှ ရောက်လာပြီး ရည်စားစကားပြောခဲ့သည်။ ထိုသို့ပြောရာ
မိန်းကလေးမှ လက်မခံသဖြင့် ရင်ဘက်အားဆောင့်တွန်း၍ မြေပြင်တွင်
အဓမ္မပြုကျင့် ခဲ့ရာ အော်ဟစ် သဖြင့် ထွက်ပြေးသွားခဲ့သည်။
အဓမ္မပြုကျင့်သူ ဟုစွပ်စွဲ တိုင်တန်းခံရသော လူငယ်၏ လက်ကိုင်ဖုန်းမှာ
ကျကျန်ခဲ့၍ မိန်းကလေးမှာ မိဘများသို့ဖွင့်ပြောကာ ရွာထုးံစ့အတိုင်း
ညှိနှိုင်းသော်လည်း ပြေလည်မှုမရ၍ အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း
ရဲစစ်ဆေးချက်အရ သိ၇သည်။
၎င်းအမှုကို အမှုကြီးအမှတ် (၃/၁၆) ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်၍
ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
Credit မောင်လေး ငယ်ငယ်
အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ရည်စားစကားပြောရာ လက်မခံသဖြင့် မုဒိန်းကျင့်၍ ထွက်ပြေး
Reviewed by Unknown
on
10:30:00 PM
Rating: