ယောင်္ကျားစိတ်ပေါက်နေသူ လေယာဉ်မှူးက အမျိုးသမီးတစ်ဦးကို ခိုးယူကာ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုတွေ ပြုလုပ်



ယောင်္ကျားစိတ်ပေါက်နေသူ လေယာဉ်မှူးတစ်ဦးက အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ခိုးယူပေါင်းသင်းနေထိုင်ကြောင်း ဖခင်ဖြစ်သူက တိုင်ကြားခဲ့တဲ့အမှု သြဂုတ်လ(၁၆)ရက်နေ့က ကမာရွတ်မြို့နယ်မှာ
ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ
 နေထိုင်တဲ့ ယောင်္ကျားစိတ်ပေါက်နေတဲ့ လေယာဉ်မှူးတစ်ဦးက အသံလွှင့်ဌာနတစ်ခုမှာ မန်နေဂျာအဖြစ်လုပ်ကိုင်နေတဲ့ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အခုနှစ်ဧပြီလ (၁၃)ရက်ကတည်းက အလုပ်မှအပြန် သွေးဆောင်ဆွဲခေါ် ခိုးယူပေါင်းသင်းခဲ့တယ်လို့ တိုင်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီကတည်းက သမီးဖြစ်သူနဲ့ အဆက်အသွယ်မရခဲ့ဘဲ သြဂုတ်လ (၁၃)ရက်ရောက်မှ သမီးဖြစ်သူက ဖုန်းနဲ့ဆက်သွယ်ပြီး သူ့ကိုဒဂုံမြို့သစ်မြောက်ပိုင်းမှာ ပေါင်းသင်းနေထိုင်
နေကြောင်း၊ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုတွေ ပြုလုပ်ကြောင်း
 ပြောပြခဲ့တဲ့အတွက် ဖခင်ဖြစ်သူက အရေးယူပေးဖို့ တိုင်ကြားခဲ့တာဖြစ်တယ်လို့ တိုင်ချက်ထဲမှာရေးသားထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကမာရွတ်မြို့မရဲစခန်းက ပြစ်မှုနံပါတ် (၄၈၅/ ၂၀၁၆) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၆၆/၃၇၇) အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

5Plus News
ယောင်္ကျားစိတ်ပေါက်နေသူ လေယာဉ်မှူးက အမျိုးသမီးတစ်ဦးကို ခိုးယူကာ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုတွေ ပြုလုပ် ယောင်္ကျားစိတ်ပေါက်နေသူ လေယာဉ်မှူးက အမျိုးသမီးတစ်ဦးကို ခိုးယူကာ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုတွေ ပြုလုပ် Reviewed by Unknown on 10:30:00 PM Rating: 5
Powered by Blogger.