ချစ်သူတွေ ဖြစ်သွားကြတဲ့ လိင်ပြောင်း အမျိုးသားနဲ့ အမျိုးသမီး

နှစ်ပေါင်းများစွာ အချစ်ကို ရှာဖွေနေတဲ့ လိင်ပြောင်း အမျိုးသမီးဟာ နောက်ဆုံးမှာတော့ သူမရဲ့ အိပ်မက်ထဲက အမျိုးသားနဲ့ တွေ့ဆုံခဲ့ပြီး ထိုလူဟာ တစ်ချိန်က မိန်းကလေးတစ်ဦး ဖြစ်ခဲ့သူပါ။


  
လိင်မပြောင်းလဲခင်က အစ်မနဲ့အတူ တွေ့ရတဲ့ ဂျေမီ

အသက် ၂၃ နှစ်အရွယ် ဂျေမီအိုဟာလီဟာ ခန္ဓာကိုယ်မှားယွင်းပြီး ဝင်ရောက်နေတဲ့ မိန်းကလေးဆိုတာကို ငယ်စဉ်ကတည်းက သိခဲ့ပေမဲ့ အသက် ၁၄ နှစ်အရွယ်မှာ ဂေးအဖြစ်ခံယူပြီး မနှစ်ကမှ လိင်ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။
လိင်ပြောင်းအမျိုးသမီးဖြစ်တဲ့အတွက် ဂျေမီဟာ ခိုင်မြဲတဲ့ အချစ်ရေးတစ်ခု တည်ထောင်ဖို့ ခက်ခဲနေခဲ့ပြီး သူမကို မိန်းမတစ်ယောက်လို ချစ်နိုင်တဲ့သူ တွေ့တဲ့နေ့အထိ တစ်ကိုယ်တည်းနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


  

တစ်ကိုယ်တည်းဘဝနဲ့ သုံးနှစ်နေပြီးတဲ့နောက် လိင်ပြောင်းသူများ လေ့ကျင့်ရေးပရိုဂရမ်တစ်ခုမှာ အသက် ၂၄ နှစ်အရွယ် ဟယ်ရီမက်သရူးနဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ မြင်မြင်ချင်း ချစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Source & Photos : Metro
DUWUN
ချစ်သူတွေ ဖြစ်သွားကြတဲ့ လိင်ပြောင်း အမျိုးသားနဲ့ အမျိုးသမီး ချစ်သူတွေ ဖြစ်သွားကြတဲ့ လိင်ပြောင်း အမျိုးသားနဲ့ အမျိုးသမီး Reviewed by Unknown on 8:05:00 AM Rating: 5
Powered by Blogger.