ခင်ဦးမြို့ မှာ မိန်းမ ခိုးပြေးလာတဲ့ အတွဲ အကြမ်းဖက်ခံရပြီး မိန်းကလေးကို လုယူသွား


11.8.2016 သြဂုတ်လ (၁၁)ရက်နေ့တွင် မန္တလေး မှ မိန်းမ ခိုးပြေးလာသော အတွဲသည် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကြို့ကန်းကျေးရွာတွင် တစ်ညအိပ်ပြီ 12.8.2016 သြဂုတ်လ (၁၂)ရက်နေ့ည ၁၀နာရီ အချိန်တွင် ခင်ဦးမြို့သို့ အလာ လမ်းဆုံ၏ အနောက်ဘက် ကျွန်းတောသို့ အရောက်တွင် လူတစ်စု၏ အကြမ်းဖက် တိုက်ခိုက် လုယက်ခံရကြောင်း သိရသည်။ 

အဆိုပါ နေရာအရောက်တွင် ယောင်္ကျားလေး ၅ယောက်မှ ဆိုင်ကယ်ဖြင့် စီးလာသော ထိုအတွဲအား ရပ်ခိုင်ပြီ ယောင်္ကျားလေး၏ မျက်နှာအား လက်သီးဖြင့် ထိုးကာ ဆိုင်ကယ်နှင့် မိန်းကလေးကို အကြမ်းဖတ်လုယူ သွားခြင်း ဖြစ်ပါသည်။ 

ယခုချိန်ထိ မိန်းကလေး ၏သတင်းမရရှိသေးပါ။ ခင်ဦးမြို့မ ရဲစခန်းမှ ရဲများကလဲ အချိန်နှင့်တပြေးညီ အင်တိုက်အားတိုက်စုံစမ်းလျက်ရှိကြောင်း သိရပါသည်။ 

‪ဆိတ်ဖွား‬
ခင်ဦးမြို့ မှာ မိန်းမ ခိုးပြေးလာတဲ့ အတွဲ အကြမ်းဖက်ခံရပြီး မိန်းကလေးကို လုယူသွား ခင်ဦးမြို့ မှာ မိန်းမ ခိုးပြေးလာတဲ့ အတွဲ အကြမ်းဖက်ခံရပြီး မိန်းကလေးကို လုယူသွား Reviewed by Unknown on 3:50:00 AM Rating: 5
Powered by Blogger.