မြန်မာနိုင်ငံသားတစ်ဦး ၏ ကန်ဒေါ်လာ၆၁၀၀ ကို  တရုတ်နိုင်ငံသားတစ်ဦးမှ ခိုးယူမှု လေယာဉ်ပေါ်တွင်ဖြစ်ပွား


ရန်ကုန်-သြဂုတ် ၁၉
ယနေ့ (၀၀၄၀)အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော Dragon လေကြောင်းလိုင်း ခရီးစဉ်အမှတ် KA -252ဖြင့် တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်မှ ခုံအမှတ်(32/C)တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် မြန်မာနိုင်ငံသားတစ်ဦး သည်လေယာဉ်ပျံသန်းစဉ် အိပ်ပျော်နေရာ ၎င်းနှင့်အတူပါလာသော လက်ဆွဲအိတ်အတွင်းမှ ၎င်းပိုင်ဆိုင်သောငွေကြေး အမေရိကန်ဒေါ်လာ(၆၁၀၀) ခိုးယူခံခဲ့ရသည်။
အထက်ပါ ခိုးယူခြင်းခံရသည့် ခရီးသည် သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ် ဆိုက်ရောက်စဉ် ၎င်းအိတ်အတွင်းစစ်ဆေးရာ အိတ်အတွင်းမှ ပိုက်ဆံများပျောက်ဆုံးကြောင်းသိရ၍ လေယာဉ်ဝန်ထမ်းများမှတဆင့် လေကြောင်းလိုင်းလုံခြုံရေးသို့ချက်ချင်း အကြောင်းကြားခဲ့ရာ လေယာဉ်စီးခရီးသည်အားလုံးအား လေကြောင်းရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများမှ စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့စဉ် မသကာင်္ဖွယ်ရာ တရုတ်နိုင်ငံသားတစ်ဦးအား စစ်ဆေးရာ အဆိုပါခိုးယူထားသည့်ငွေကြေးများနှင့်အတူဖမ်းဆီးရမိ၍ လိုအပ်သည့်အရေးယူမှုပြုလုပ်နိုင်ရေး မင်္ဂလာဒုံမြိုမရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။ 

Ref; Aviation Police
Popular
မြန်မာနိုင်ငံသားတစ်ဦး ၏ ကန်ဒေါ်လာ၆၁၀၀ ကို  တရုတ်နိုင်ငံသားတစ်ဦးမှ ခိုးယူမှု လေယာဉ်ပေါ်တွင်ဖြစ်ပွား မြန်မာနိုင်ငံသားတစ်ဦး ၏ ကန်ဒေါ်လာ၆၁၀၀ ကို
 တရုတ်နိုင်ငံသားတစ်ဦးမှ ခိုးယူမှု လေယာဉ်ပေါ်တွင်ဖြစ်ပွား

Reviewed by Unknown on 1:00:00 AM Rating: 5
Powered by Blogger.